News

25-Oct-2016
ရှမ်းပြည်နယ် အထူးဒေသ(၄) NDAA မိုင်းလား နယ်မြေအတွင်းသို့ “ဝ” တပ်ဖွဲ့များ ရောက်ရှိနေသည့်ကိစ္စ အထူး ဒေသ (၄)နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း UWSA ဥက္ကဋ္ဌပေါက်ယူချမ်းက ငြိမ်းချမ်းရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့လိုက်သည်။
25-Oct-2016
ယာဉ်ကြော ကျပ်တည်းမှု ဖြေလျှော့ရန် ရန်ကုန်မြို့လယ်ရှိ လမ်းရှစ်လမ်းကို တစ်လမ်းမောင်းအဖြစ် ဆောင်ရွက်ရန် ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က နိုင်ငံပိုင် သတင်းစာ များမှ ကြေညာခဲ့သော်လည်း လက်ရှိအချိန်ထိ ယင်းလမ်းများကို တစ်လမ်းမောင်းစနစ် မပြုလုပ်နိုင်သေးကြောင်း အမှတ် ၂ ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
25-Oct-2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုထားသော အကြွေစေ့ ဂိမ်းဆိုင်များကို ငွေကြေး(လောင်းကစား) ပါဝင် ပတ်သက်ခွင့် ပြုထားသည့် မြို့နယ်မှူး၊ ခရိုင်မှူးများအား အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
25-Oct-2016
ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၄ဝ တွင် Charities Aid Foundation က စစ်တမ်း ကောက်ယူမှုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အလှူ အပေးဆုံး နိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် သုံးနှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2016 တွင် ဖော်ပြထားသည်။
25-Oct-2016
ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် ရန်ကုန်မြို့မှ မြို့ကြီး ခြောက်မြို့ကို လှည့်လည် လမ်းလျှောက်ကာ ပြည်သူများ၏ အသံများ တောင်းခံပြီး မြစ်ဆုံသို့ သွားရောက်မည့် လှုပ်ရှားမှု တစ်ခုကို မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်း အင်အားစုအဖွဲ့က ပြုလုပ်မည် ဖြစ်သည်။
25-Oct-2016
နှစ်ရက် ဆက်တိုက် ရွာသွန်းခဲ့သည့် မိုးကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အုတ်ကျောင်း တစ်ခု ပြိုကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ)ထံမှ သိရသည်။
25-Oct-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် နမ့်ကစ်ကျေးရွာ၌ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက အသက် ၆၀ အရွယ် အမျိုးသားကြီး တစ်ဦး တူမီးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မိုင်းယောင်း မြို့မရဲစခန်းထံမှ စုံစမ်း သိရသည်။
25-Oct-2016
စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းရှိ မြေညီထပ် တိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီက ပုပ်ပွ သေဆုံးနေသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
25-Oct-2016
ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းဘေးရှိ KTV ဆိုင် တစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် နံနက် ၂ နာရီက ဘီယာသောက် သီချင်းဆိုနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ဆိုင်ဝန်ထမ်းများ နှစ်ဖက်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
25-Oct-2016
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅၆ အနီးတွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် ယာဉ်တစ်စီး အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်က တိမ်းမှောက်ခဲ့၍ ယာဉ်မောင်းအပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သီးကုန်းအမြန်လမ်း ကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
25-Oct-2016
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိတော့သည့်အတွက် အဝါရောင်အဆင့် သတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက် ၇ နာရီတွင် သတင်းထုတ်ပြန်သည်။
25-Oct-2016
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ သုံးနိုင်ငံ နယ်စပ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA မှ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ပြီး ယင်းဗုံးခွဲမှုသည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ လက်ချက်ဖြစ်ကြောင်း AA မှ ဗိုလ်မှူးကြီးကျော်ဟန်က The Voice သို့ ပြောကြားသည်။
25-Oct-2016
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ကန်ကောက်ဟောင်းရပ်၌ လပတ်စာမေးပွဲကျသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အောက်တိုဘာလ ၂၄ ရက်နေ့က ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အမှတ် ၃ ရဲစခန်းထံမှ သိရသည်။
25-Oct-2016
လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ မြနန္ဒာ ၃ လမ်းရှိ မြေညီတိုက်ခန်းတစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီက လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ နေအိမ်တိုက်ခန်းထဲ ဓားကိုင်ဆောင်ထားသည့် သူခိုးတစ်ဦး ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
24-Oct-2016
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်သာ လိုတော့ချိန်တွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ပြိုင်ဘက် ဟီလာရီကလင်တန်ထက် နောက်ကျ ကျန်ရစ်နေပြီဟု ထရမ့်၏ မဲဆွယ်လှုပ်ရှားမှု မန်နေဂျာက ဝန်ခံခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။