News

19-Feb-2017
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် စာချုပ်တွင် လက်မှတ် မထိုးရသေးသော လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ လာမည့် မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။
19-Feb-2017
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခြင်းခံရသည်ကို တာဝန်ရှိသူများက အမြန်ဆုံး ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယက သူရ ဦးတင်ဦးက ပြောကြားသည်။
19-Feb-2017
စီးပွားရေး အခွင့်အလမ်း နည်းပါးနေသည့် မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ဘဏ်တိုးနှုန်း သတ်မှတ်ချက်ဆိုင်ရာ သတင်းများကြောင့် ဝေဖန်မှုများစွာနှင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဂယက်ရိုက်ခတ်သွားသည်။
19-Feb-2017
၂၁ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် တစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။
19-Feb-2017
၁၄ ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဃိယမဟာထေရ်၏ ရုပ်ကလာပ်ကို မန္တလေးတောင်ခြေ မြင်းပြိုင်ကွင်းတွင် မီးသင်္ဂြိုဟ်ပြီးနောက် ဓာတ်ပြာအိုးကို ပူဇော်ထားရှိရာမှ ရေမျှောရန် ဧရာဝတီမြစ်ကမ်းသို့ ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် ပင့်ဆောင်ခဲ့ကြသည်။
19-Feb-2017
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များတွင် တပ်ဖွဲ့ဝင်သစ်များ ထပ်တိုးလာရေး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို အဓိက စည်းရုံးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေက ပြောကြားသည်။
19-Feb-2017
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာဝင်များအကြား သြဇာလွှမ်းမိုးမှု ကြီးမားသည့် ဘုန်းတော်ကြီးတစ်ပါးအား ငွေကြေးခဝါချမှု ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ဘုန်းတော်ကြီး၏ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့သော်လည်း ဘုန်းတော်ကြီးကို ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
19-Feb-2017
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်မြို့နယ်တွင် လာမည့် စာသင်နှစ်၌ အရှိုချင်း စာပေကို အခြေခံပညာ မူလတန်းကျောင်းနှစ်ကျောင်းတွင် ထပ်တိုး သင်ကြားပေးမည် ဖြစ်ကြောင်း ပြည်မြို့နယ် အရှိုချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဆလိုင်းဟန်ကြည်က ပြောကြားသည်။
19-Feb-2017
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသရှိ ကိုင်းစိုက်တောင်သူများအနက် အစေ့ထုတ်ပြောင်း စိုက်ပျိုးသည့် တောင်သူဦးရေ ၈၀ ရာခိုင်နှုန်းခန့်၏ စိုက်ဧကများ ပျက်စီးဆုံးရှုံးနေကြောင်း ကိုင်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။
19-Feb-2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေမုဋ္ဌော ဘုရားပွဲတွင် နှစ်လေးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လှေလှော်ပြိုင်ပွဲကို ပြန်လည်ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း လှေလှော်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မိုးက The Voice သို့ ပြောကြားသည်။
19-Feb-2017
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် probox အငှားယာဉ်တစ်စီးဖြင့် ဓားပြမှု ကျူးလွန်ခဲ့သည့် အမျိုးသားငါးဦးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးတွင် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
19-Feb-2017
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယာဉ်ရပ်နားစခန်းနှင့် အိမ်ယာစီမံကိန်း အကောင်အထည် ဖော်ရာတွင် အဝေးပြေး ယာဉ်ရပ်နားစခန်းကို ဦးစားပေး လုပ်ဆောင်ရန် ပြည်နယ်အစိုးရက တောင်းဆိုထားကြောင်း စီမံကိန်း လုပ်ကိုင်ခွင့် ရထားသော UMG ICT Company Limited ဥက္ကဋ္ဌ ဒေါ်မာလာဝင်းက ပြောကြားသည်။
18-Feb-2017
ဖားကန့်မြို့နယ် လုံးခင်းမှ နေပြည်တော်သို့ ပို့ဆောင်ရန် မော်တော်ယာဉ်၌ အံဝှက်ဖြင့် ထည့်သွင်း တင်ဆောင်လာသည့် မော်တော်ယာဉ်ကိုးစီးမှ ဖမ်းဆီး ရမိထားသည့် တရားမဝင် ကျောက်စိမ်းများကို ပညာရှင်များဖြင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးမည်
18-Feb-2017
YBS ယာဉ်လိုင်းများတွင် ယာဉ်အကူမပါဘဲ ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ယာဉ်အကူအဖြစ် လုပ်ကိုင်နေသူများကို ခရီးသည်ဝန်ဆောင်မှု တာဝန်ဖြင့် အလုပ်အကိုင် ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
18-Feb-2017
မန္တလေး တိုင်းဒေသကြီး တောင်သာမြို့နယ် အင်းတဲကျေးရွာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးက ကျောင်းအကျိုးတော်ဆောင်ကို လက်သီးဖြင့် လေးချက်ထိုးခြင်းကြောင့် နစ်နာသူက တောင်သာမြို့နယ် ဇဂျမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။