News

26-Apr-2017
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် ဥပဒေအရ ရင်ဆိုင်ရန် တရားရုံးသို့ မရောက်မီတိုင်ကြားမှု အဆင့်မှာပင် အခက်အခဲများစွာ ရှိနေကြောင်း Legal Clinic Myanmar (ဥပဒေရေးရာ ကုစားရေးအဖွဲ့- မြန်မာ)တွင် ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောကြားသည်။
26-Apr-2017
မာရင်းလာပန်း၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ ပင်မနိုင်ငံရေး အသိုက်အမြုံ ဆန့်ကျင်ရေး သတင်းစကားသည် ပြင်သစ်နိုင်ငံတွင်းရှိ ဝင်ငွေနိမ့်သူများ၊ လူ့သက်တမ်း နိမ့်သူများ၊ ပညာရည် နိမ့်သူများကြားတွင် လူကြိုက်များကြောင်း သမ္မတရွေးကောက်ပွဲ ပထမအကျော့ မဲရလဒ်များကို အခြေခံသည့် Reuters သတင်းဌာန၏ လေ့လာမှုက ဖော်ပြသည်။
26-Apr-2017
ချင်းပြည်နယ်တွင် ဧပြီလ ၄ ရက်မှ ဧပြီလ ၂၅ ရက်အထိ ၂၂ ရက်တာ ကာလအတွင်း လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် ၁၄၀ ကျော် အမိုးလန်ပျက်စီးပြီး လူ ၆၀ဝ ကျော် လေဘေးသင့်ခဲ့ကြောင်း ချင်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
26-Apr-2017
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကွမ်းသတ်ကျေးရွာရှိ ကွမ်းသတ်အင်း ပြန်လည် တူးဖော်နိုင်ရေးအတွက် အင်းစောင်းတွင် နေထိုင်သော မိသားစု ၃၉ စုကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ရွှေ့ပြောင်းခိုင်းကြောင်း ယင်းမိသားစုထံမှ သိရသည်။
26-Apr-2017
ဦးနေဝင်း အစိုးရလက်ထက် ဖြိုခွင်း ဖျက်ဆီးခံခဲ့ရသည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေး နိုင်ငံတော်အစိုးရက ကျပ် ၅ ဒသမ ၂ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက The Voice သို့ ပြောကြားသည်။
26-Apr-2017
သူနာပြုဝတ်စုံဖြင့် မြန်မာ့ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာမှုသည် သူနာပြုအသိုင်းအဝိုင်းကိုဦးတည်၍ သိက္ခာချခြင်း ဖြစ်သည့်အတွက် လက်ခံနိုင်ဖွယ် မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က The Voice သို့ ပြောကြားသည်။
26-Apr-2017
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူရွာတွင် ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်က လင်မယားချင်း စကားများရာမှ ဇနီးကို ခင်ပွန်းက တူနှင့်ထုသတ်ခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းထံမှ သိရသည်။
26-Apr-2017
မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်အတွင်း လူအမြောက်အမြား သတ်ဖြတ်မှုဖြင့် သမ္မတဒူတာတေးနှင့် အကြီးတန်းတာဝန်ရှိသူများအား နိုင်ငံတကာခုံရုံးတွင် ဖိလစ်ပိုင် ရှေ့နေတစ်ဦးက စွဲချက်တင်လိုက်သည်
26-Apr-2017
ဓာတုလက်နက် ထုတ်လုပ်ရေး တာဝန်ရှိသည့် ဆီးရီးယားသိပ္ပံ လေ့လာရေးနှင့် သုတေသနစင်တာ ဝန်ထမ်း ၂၇၁ ဦးကို နာမည်ပျက်စာရင်းတွင် အမေရိကန် ပြည်ထောင်စုက ထည့်သွင်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
26-Apr-2017
အမေရိကန် လေယာဉ်တင် သင်္ဘောကို နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က သမ္မတထရမ့်နှင့် ဖုန်းပြောရာတွင် အုပ်စုအားလုံး သည်းခံကြရန် တိုက်တွန်းလိုက်သည်
26-Apr-2017
တာချီလိတ်မြို့နယ် စန်းလုရွာနှင့် ယန်းခေါင်ရွာကြားရှိ တာချီလိတ်-မိုင်းဆတ်လမ်းပေါ်တွင် ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။
26-Apr-2017
တောင်ငူရှိ မြို့ပေါ်ရပ်ကွက်များ လမ်းကြိုလမ်းကြားများ သာမက လူစည်ကားရာ လမ်းဆုံလမ်းခွများ၌ပင် နေ့ဘက်အချိန်များတွင် လေလွင့်ကလေးများ အုပ်စုလိုက် ကော်ရှူမှုများ ပြုလုပ်နေကြကြောင်း မြို့ခံများနှင့် မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
25-Apr-2017
ရန်ကုန်မြို့ရှိ အင်းလျားကန်ရေပြင်နှင့် ဆက်စပ်လျက်ရှိသော မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို ပုဂ္ဂလိကသို့ ငှားရမ်းမှု ရပ်ဆိုင်းလိုက်ပြီး ယခုဘဏ္ဍာနှစ်ကစ၍ ငှားရမ်းခ မကောက်တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။
25-Apr-2017
ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်၍ အသိပေးချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။