News

21-Jul-2017
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဒလန့်ချွန်ကျေးရွာနေ NLD ပါတီဝင် အမျိုးသားတစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရပြီး ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း လယ်ဝေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
21-Jul-2017
ရန်ကင်းကလေးဆေရုံကြီးတွင် Green Environment နည်းပညာသုံး HP Latex Ink ဖြင့် ရိုက်နှိပ်ထားသည့် Wallpaper နှင့် Sticker များအား Xenon Company Limited မှ ပထမဆုံး အလှဆင် လှူဒါန်းသည့် အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၁၀ နာရီတွင် ယင်းဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
21-Jul-2017
အမြင့် ၁၅ ပေရှိ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်တုကို ၎င်း၏ဇာတိ ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ လေးသွန်းခံရွာရှိ ဗိုလ်မှူးကြီးဗထူးရာပြည့် မော်ကွန်းဥယျာဉ်တွင် ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် စိုက်ထူလိုက်ပြီ ဖြစ်သည်။
21-Jul-2017
ယခုလ အစောပိုင်းတွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည် အမျိုးအစားနှင့် ပတ်သက်ပြီး ယင်းပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်လိုသည့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားအကြား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အငြင်းပွားလျက်ရှိကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
20-Jul-2017
ရွာသာကြီး၊ စည်ပင်သာယာရေးဦးစီးဌာန(သားသတ်လုပ်ငန်း) မှ လွတ်မြောက်ခဲ့ပြီး လမ်းပေါ်သွားလာနေသူများကို ချို ဖြင့်ခတ်ခဲ့သည့် သုံးနှစ်အရွယ် ကျွှဲပေါက်မအား ဘေးမဲ့တောတွင် ဇီဝတဒါနပြု လွှတ်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
20-Jul-2017
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်း တိုက်ခန်းများ ရောင်းချပေးရန် လျှောက်လွှာများကို ပြည်သူများ အဆင်ပြေစေရန် လျှောက်လွှာ တင်သွင်းသည့်ရက်ကို တိုးမြှင့်လိုက်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
20-Jul-2017
ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည် ဖော်ခြင်းများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
20-Jul-2017
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင်နှင့် ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းတို့အပေါ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူပေးရန် ဦးတိုက် လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်း မြို့နယ်တရားရုံးက ဇူလိုင်လ ၂၀ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း မြန်မာသတင်းများ ကာကွယ်ရေး ကော်မတီထံမှ သိရသည်။
20-Jul-2017
ကျောင်းသား လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားများ စာဖတ်လာအောင် စာကြည့်တိုက်မှူးများက စည်းရုံးပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာကြည့်တိုက်မှူးများကို တိုက်တွန်းလိုက်ကြောင်း တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးကြီး ဒေါ်ယုယုတင်က ပြောကြားသည်။
20-Jul-2017
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ရွာသာကြီး၊ စည်ပင်သာယာရေး ဦးစီးဌာန(သားသတ်လုပ်ငန်း)မှ ထိန်းသိမ်းထားသည့် ကျွဲတစ်ကောင်မှာ လွတ်သွားပြီးနောက် လမ်းပေါ် သွားလာနေသူများကို လိုက်လံခတ်ခဲ့သောကြောင့် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆိုင်ကယ်နှစ်စီးနှင့် ဆိုက္ကားတစ်စီး ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Jul-2017
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ဌာနစိတ်တစ်ခုမှ ဒုရဲအုပ်တစ်ဦးသည် လိုင်စင်မဲ့ကား စီးနင်းမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၆ ရက်နေ့က တိုင်ကြားထားသော်လည်း ငါးရက်ကြာသည်အထိ အမှုမဖွင့်သေးကြောင်း တိုင်ကြားသူများက ပြောကြားသည်။
20-Jul-2017
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးအားပိုလာနိုင်ပြီး ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလေဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
20-Jul-2017
ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းရှိ အိမ်တစ်လုံးတွင် ယနေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၆ နာရီက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းထံမှသိရသည်။
20-Jul-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကောင်းမှုတုံရပ် ပန်လုံနယ်မြေ အနောက်သုံးမိုင်ခန့် အကွာရှိ နေအိမ်ခြံဝင်း ဂိုဒေါင်တစ်ခု အတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်မြို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပိုးစာကုန်ကျေးရွာတွင် ယနေ့(ဇူလိုင်လ ၂၀ ရက်နေ့) နံနက်က ချင်းတွင်းမြစ်ကမ်းပါးပြိုကျရာ ရွှေနှလုံးသား နာရေးကူညီမှုအသင်းက တည်ဆောက်ထားသည့် နှစ်ထပ် အဆောက်အအုံတစ်လုံးနှင့် နိဗွာန်ယာဉ်တစ်စီး ရေထဲမျောပါနစ်မြုပ်ခဲ့ကြောင်း ပိုးစာကုန်ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးချမ်းကိုက ပြောကြားသည်။