News

18-Jan-2017
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က နေအိမ်အတွင်းသို့ ဝင်ရောက်၍ အမည်မသိ လူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခြင်းကြောင့် အမျိုးသား တစ်ဦး သေဆုံးကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
18-Jan-2017
ဥရောပ ဒေသအနေနှင့် အမေရိကန် ခေါင်းဆောင်များနှင့် မတူကွဲပြားမှုများ ရှိနေသော်ငြား မိမိတို့ ရွေးချယ်ထားသော လမ်းကို မိမိတို့ကိုယ်တိုင် ရှေ့ဆက်လျှောက်မည်သာ ဖြစ်သည်ဟု ဥရောပ သမဂ္ဂတွင် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံ၏ အဓိပတိ အင်ဂလာမာကယ်လ်က မကြာမီ အမေရိကန်သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရမ့်ကို အသိပေး ပြောကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
18-Jan-2017
ဆေးဝါးများ၏ အန္တရာယ်ကင်းရှင်းရေးအတွက် အများပြည်သူ သုံးစွဲရာတွင် ဖြစ်ပေါ်လာနိုင်သည့် ဆေး၏ဘေးထွက်ဆိုးကျိုး စောင့်ကြပ်ကြည့်ရှုခြင်း စနစ်ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
18-Jan-2017
ကျောင်းသားလူငယ်များ အနေနှင့် ကျန်းမာရေး ကောင်းမွန်စေရန် အားကစား လိုက်စားမှုများကို ပြုလုပ်ရန် လိုအပ်ကြောင်း ရောင်ခြည်သစ် အခမဲ့ဆေးခန်း တာဝန်ခံ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။
18-Jan-2017
ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်နေသည့် YBS တံဆိပ်တပ် ခရီးသည်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စတင် ပြေးဆွဲသည့်ရက်မှ ယနေ့အထိ နှစ်ရက်စာ လုပ်အားခ မပေးရသေးကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
18-Jan-2017
၂၀၁၆-၁၇ ဘဏ္ဍာနှစ် လက်ကျန် သုံးလအတွင်း မတ်လမတိုင်မီ ရန်ကုန် တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု ပြဿနာများအတွက် ကျပ် ခုနစ်ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
18-Jan-2017
ရန်ကုန်မြို့တော်အတွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို မထသလက်မှ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS အဖြစ် ပြောင်းလဲလုပ်ကိုင်ပြီး နောက်တစ်ရက်တွင် လက်ရှိယာဉ်စီးရေနှင့် ခရီးသည် ဦးရေမျှတမှု မရှိကြောင်းကို လေ့လာတွေ့ရှိခဲ့သဖြင့် ဖေဖော်ဝါရီလအတွင်း ယာဉ်သစ်တင်သွင်းနိုင်ရန် စီစဉ်မည်
18-Jan-2017
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ကျင်းပမည့် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည် နယ် ဘားအံမြို့၌ ဇန်နဝါရီ ၁၈ ရက် (ယနေ့) နံနက်ပိုင်းက စတင်ကျင်းပသွား မည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
17-Jan-2017
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာတွင် ပြည်သူများ တိုင်တန်းခြင်းနှင့် လူကုန်ကူးခံရသူများက တိုင်ကြားခြင်းတို့ကြောင့် ဖမ်းဆီးရမိမှု အရေအတွက် မြင့်တက်လာကြောင်း အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံမှ သိရသည်။
17-Jan-2017
အခွန်ပေးဆောင်ရန် ကျန်ရှိသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများက အခွန် ပြန်လည် ပေးဆောင်လာသည့်အတွက် အခွန်ငွေ ကျပ်ခြောက်ဘီလီယံကျော် ရရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။
17-Jan-2017
မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် Blue Sky ကေတီဗီ ဝန်ထမ်း နှစ်ဦးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်က ပြန်လည် လွှတ်ပေးလိုက် ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။
17-Jan-2017
YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲချိန် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ညနေ ၅ နာရီတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးယာဉ် ၄၁ စီးဖြင့် မဟာဗန္ဓုလပန်းခြံရှေ့မှ လိုအပ်သည့် ခရီးစဉ်များကို အခမဲ့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်ကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှု ရဲမှူးချုပ် မြဝင်းက ပြောသည်။
17-Jan-2017
YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲသည့် ဇန်နဝါရီ ၁၆ ရက် ညတွင် ကားမှတ်တိုင်ရှိ ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များအား ဖျက်ဆီးခဲ့သော အမျိုးသားနှစ်ဦးကို မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။
17-Jan-2017
ပထမတန်း (Grade 1) သင်ရိုးသစ်တွင် ကလေးများ စိတ်ဝင်စားစေရန် အရောင်အသွေး စုံလင်သည့် သရုပ်ဖော်ပုံများ ထည့်သွင်းထားကြောင်း ပထမတန်း သင်ရိုးသစ် သင်တန်းပို့ချရေး ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်သူ ဒေါက်တာအောင်အောင်မင်းက The Voice သို့ ပြောကြားသည်။
17-Jan-2017
စနစ်သစ်ဖြင့် ပြောင်းလဲပြေးဆွဲသော YBS ယာဉ်လိုင်းအချို့သည် စတင်ပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်က ယာဉ်စီးခ ပိုမိုတောင်းခံမှုရှိကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။