News

01-May-2017
နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
01-May-2017
အနည်းဆုံး အခကြေးငွေ နှုန်းထားအသစ်ကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
01-May-2017
မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) အမည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ် ၁ သိန်း ၂ သောင်းကျော် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးထံ တင်ပြသွားမည်ဖြစ်သည်။
01-May-2017
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ငွေကျပ်ဘီလီယံ ၁၉၈၀ ထုတ်ချေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
01-May-2017
ရန်ကုန်တိုင်းအတွင်း ကုန်သယ်ယူခွင့်လိုင်စင်ဖြင့် ကွန်တိန်နာတင်ပါက ယာဉ်မောင်းနှင့် သက်ဆိုင်ရာ လုပ်ငန်းကိုပါ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
01-May-2017
အီးယူ (ဥရောပသမဂ္ဂ)နှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုနိုင်ရန် ယခုနှစ်အတွင်း အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
01-May-2017
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ လှိုင်းဘွဲ့မြို့နယ် ရှမ်းရွာသစ်ရှိ ပြည်သူများနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဧပြီလ ၃၀ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
01-May-2017
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် နောက်သုံးရက်အတွင်း နေ့အပူချိန်များ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
01-May-2017
ချောက်မြို့ရှိ မေဒေးကျောက်စာတိုင်နှင့် သခင်ဖိုးလှကြီးရုပ်တုကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက အလုပ်သမား အဖွဲ့အစည်းများနှင့်အတူ ယနေ့ (မေလ ၁ ရက်) အလုပ်သမားနေ့ မေဒေးအခမ်းအနားအပြီး ချီတက်အလေးပြုခဲ့ကြသည်။
01-May-2017
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့အကြား အပစ်ရပ်စောင့်ကြည့်ရေး ရန်ပုံငွေ ထောက်ပံ့မည့် ပလက်ဖောင်းတစ်ခုကို ထူထောင်လိုက်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။
01-May-2017
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေနှင့် မော်တော်ယာဉ်တို့မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်းက ပေးဆောင်ရန် ကျန်ရှိသည့် အကြွေး (နှစ်သစ်ကြွေး) ကျပ် ၉၀ ဘီလီယံခန့်အထိ ကောက်ခံရရှိပြီ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
01-May-2017
တစ်ဦးလျှင် ငွေကျပ် ၃၈ သိန်းဖြင့် ဂျပန်နိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ငွေများလိမ်လည်ရယူခဲ့သည့် အမျိုးသမီးကို ဖမ်းဆီးအရေးယူရန် ဧပြီလ ၂၉ ရက်နေ့က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-May-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် စခန်းကြီးကျေးရွာမှ တောင်သူများ စုပေါင်း၍ မိမိပိုင် လယ်ယာမြေပေါ်တွင် ကျူးကျော်စိုက်ပျိုးနေမှု ဖြေရှင်ပေးရေး ယနေ့ (မေလ ၁ ရက်) နံနက် ၁၁ နာရီခန့်က ကလေးမြို့တွင် ဆန္ဒပြခဲ့ကြောင်း ပါဝင်သူ ဦးအောင်ကျော်မိုးက ပြောကြားသည်။
01-May-2017
ချင်းပြည်နယ် မင်းတပ်ခရိုင်ရှိ နတ်မတောင် အမျိုးသားဥယျာဉ် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်ကို ဧပြီလ တတိယပတ်မှ စတင်ကာ ပိတ်ထားကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။
01-May-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အတွင်းရှိ အလုပ်သမားအဖွဲ့များ စုပေါင်း၍ ယနေ့ (မေလ ၁ ရက်) ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို နံနက် ၉ နာရီက အထက်ချင်းတွင်း လူငယ်ကွန်ရက်ရုံးတွင် ကျင်းပခဲ့ကြောင်း ဦးဆောင်ကျင်းပခဲ့သည့် အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက ပြောကြားသည်။