News

27-Apr-2017
မော်ဒယ်လ်နိမ့်ကားများကို နှစ်နှစ်အတွင်း ရောင်းမထွက်ပါက တင်သွင်းလာသည့် နိုင်ငံထံသို့ ပြန်ပို့ရန် အစိုးရက သတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ပြန်ပို့ရန် ကားအစီးရေ ၅၀၀၀ ကျော် ရှိနေသော်လည်း အချို့နိုင်ငံများက ပြန်ပို့မည့် ကားများကို လက်မခံသည့် အခြေအနေ ရင်ဆိုင်နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
27-Apr-2017
အခြေခံပညာအဆင့် တက္ကသိုလ်ဝင် (ဆယ်တန်း) စာမေးပွဲ ဖြေဆိုထားသော အဖြေလွှာများမှ အင်္ဂလိပ်စာ အဖြေလွှာကို သင်္ချာဆရာက စစ်ဆေးနေသည့် အခြေအနေများ တွေ့နေရကြောင်း ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
27-Apr-2017
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ငှားရမ်းရန် ပုဂ္ဂလိက ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုထားမှု အများစုတွင် နိုင်ငံတော်မှ ကျပ်ဘီလီယံချီ နစ်နာမှုများ စိစစ်တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီထံမှ သိရသည်။
27-Apr-2017
ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဗောတံတားဆိပ် ကမ်းအနီးတွင် ဆိုက်ကပ်သော ကုန်တင် သင်္ဘောတစ်စင်း ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခန့်က ကုန်ပစ္စည်းများ မညီမမျှ ဖြစ်ပြီး ညာဘက်အခြမ်းသို့ တိမ်းစောင်း မှောက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
27-Apr-2017
အရှေ့တောင်အာရှတွင် နာမည်ကြီး BPI ဆေးဝါးများ ထုတ်လုပ်ခဲ့သည့် စက်မှုဝန်ကြီးဌာနက HIV ပိုးရှိသူများ ကုသရာတွင် အသုံးပြုနိုင်မည့်ဆေးဝါးကို ယခုနှစ်အတွင်း ဈေးကွက်သို့ ထုတ်လုပ်ဖြန့်ချိသွားမည်ဟု ယင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။
26-Apr-2017
မန္တလေးမြို့တော်နှင့် ၂၃ မိုင်အကွာတွင်ရှိပြီး ယခုနှစ်အတွင်း လူသိများလာသော ခုနစ်မိုင်အပန်းဖြေ ကမ်းခြေစခန်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
26-Apr-2017
အောင်ဘာလေ ဥပဒေ ပြဋ္ဌာန်းပြီးပါက အီလက်ထရွန်နစ် ထီစနစ် လုပ်နိုင်ရန် ယခုအချိန်မှစပြီး ထီပညာရှင်များကို ခေါ်ယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
26-Apr-2017
လေပွေလှိုင်းများ အရှိန်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးကောင်းနေရာ ဧရာဝတီမြစ်ရေသည် ဧပြီလ ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် ၇ ပေခန့် မြင့်တက်ခဲ့ပြီး မြို့ကြီးများတွင် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။
26-Apr-2017
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် ဥပဒေအရ ရင်ဆိုင်ရန် တရားရုံးသို့ မရောက်မီတိုင်ကြားမှု အဆင့်မှာပင် အခက်အခဲများစွာ ရှိနေကြောင်း Legal Clinic Myanmar (ဥပဒေရေးရာ ကုစားရေးအဖွဲ့- မြန်မာ)တွင် ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောကြားသည်။
26-Apr-2017
မာရင်းလာပန်း၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ ပင်မနိုင်ငံရေး အသိုက်အမြုံ ဆန့်ကျင်ရေး သတင်းစကားသည် ပြင်သစ်နိုင်ငံတွင်းရှိ ဝင်ငွေနိမ့်သူများ၊ လူ့သက်တမ်း နိမ့်သူများ၊ ပညာရည် နိမ့်သူများကြားတွင် လူကြိုက်များကြောင်း သမ္မတရွေးကောက်ပွဲ ပထမအကျော့ မဲရလဒ်များကို အခြေခံသည့် Reuters သတင်းဌာန၏ လေ့လာမှုက ဖော်ပြသည်။
26-Apr-2017
ချင်းပြည်နယ်တွင် ဧပြီလ ၄ ရက်မှ ဧပြီလ ၂၅ ရက်အထိ ၂၂ ရက်တာ ကာလအတွင်း လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် ၁၄၀ ကျော် အမိုးလန်ပျက်စီးပြီး လူ ၆၀ဝ ကျော် လေဘေးသင့်ခဲ့ကြောင်း ချင်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
26-Apr-2017
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကွမ်းသတ်ကျေးရွာရှိ ကွမ်းသတ်အင်း ပြန်လည် တူးဖော်နိုင်ရေးအတွက် အင်းစောင်းတွင် နေထိုင်သော မိသားစု ၃၉ စုကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ရွှေ့ပြောင်းခိုင်းကြောင်း ယင်းမိသားစုထံမှ သိရသည်။
26-Apr-2017
ဦးနေဝင်း အစိုးရလက်ထက် ဖြိုခွင်း ဖျက်ဆီးခံခဲ့ရသည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေး နိုင်ငံတော်အစိုးရက ကျပ် ၅ ဒသမ ၂ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက The Voice သို့ ပြောကြားသည်။
26-Apr-2017
သူနာပြုဝတ်စုံဖြင့် မြန်မာ့ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာမှုသည် သူနာပြုအသိုင်းအဝိုင်းကိုဦးတည်၍ သိက္ခာချခြင်း ဖြစ်သည့်အတွက် လက်ခံနိုင်ဖွယ် မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က The Voice သို့ ပြောကြားသည်။
26-Apr-2017
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူရွာတွင် ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်က လင်မယားချင်း စကားများရာမှ ဇနီးကို ခင်ပွန်းက တူနှင့်ထုသတ်ခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းထံမှ သိရသည်။