News

07-Nov-2018
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်းသည့်အချိန်မှ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခြောက်ခုသာ ခွင့်ပြုပေးထားကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
07-Nov-2018
မြောက်ကိုရီးယားနိုင်ငံတွင် လူငယ်ကွန်မြူနစ်ခေါင်းဆောင်ကင်ဂျုံအန်း၏ ပထမဆုံးတရားဝင်ဓာတ်ပုံတစ်ပုံကို အများပြည်သူများအကြား စတင်ချိတ်ဆွဲလိုက်ပြီဖြစ်ရာ ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံတွင်း ပုဂ္ဂိုလ်ရေးအရ ယုံကြည်အားထားခံရသည့် ခေါင်းဆောင်တစ်ဦး အဆင့်သို့ရောက်အောင် တင်ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
07-Nov-2018
မူဆယ်နယ်စပ် စစ်ဆေးရေးဂိတ်များသို့ ဖြတ်သန်းသွားလာခွင့်ကတ်ကို မြန်မာအစိုးရက ပုံစံအသစ်ပြောင်းလဲလိုက်မှုကြောင့် ယခုရက်ပိုင်း၌ တရုတ်နိုင်ငံဘက်သို့ မြန်မာဘက်မှ ခရီးသွားများနှင့် ကုန်တင်ယာဉ်များ ဝင်ထွက်ခွင့်မရဘဲ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ကုန်သည်များ၊ ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားလာသူများထံမှ စုံစမ်း သိရှိရသည်။
07-Nov-2018
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျေးရွာဘောလုံးကွင်း ပြဿနာနှင့်ပတ်သက်ပြီး ကြားနာပွဲသို့လာရောက်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြေယာပြဿနာတင်ပြရန် ကြိုးပမ်းသည့် ဒေသခံများ အချေအတင်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
07-Nov-2018
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့အနီးရှိ ချမ်မကောက်ဆန်ရီကျေးရွာတွင် ကလေးငယ်များ၌ အသက်ရှူကျပ်သည့် ရောဂါဖြစ်ပွားလျက်ရှိကြောင်း နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှက ပြောကြားသည်။
07-Nov-2018
စက်မှုဝန်ကြီးဌာနနှင့် Green Power Myanmar ကုမ္ပဏီတို့သည် ဟန်ဂေရီနိုင်ငံ၊ Csepel Holding Limited ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်တွင်းသုံးစွဲရန်နှင့်ပြည်ပ တင်ပို့ရန်အတွက် လျှပ်စစ်ဘတ်စ်ကား အစီးရေ ၇၃၀၀ စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
07-Nov-2018
လှိုင်သာယာမြို့နယ်၊ (၁) ရပ်ကွက်၊ မြို့ပတ်လမ်းရှိ မင်္ဂလာဆောင်မဏ္ဍပ်တွင် ငှက်ကြီးတောင်ဓားကိုင်ဆောင်၍ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားနေသော အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
07-Nov-2018
အမေရိကန်ပြည်ထောင်စုအနေနှင့် အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို မရပ်မနား ပြုလုပ်သွားမည်ဖြစ်သည်ဟု ဝါရှင်တန်အစိုးရက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သော်လည်း အီရန်က ဝါရှင်တန်၏ ဗိုလ်ကျစိုးမိုးမှုများကို မားမားမတ်မတ် ရပ်တည်ကာ ရင်ဆိုင်သွားမည်ဖြစ်သည်ဟု တုံ့ပြန်လိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
07-Nov-2018
ဂျပန်နိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ၏ သေကြောင်းကြံစည်မှုနှုန်းသည် နှစ်ပေါင်းသုံးဆယ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်ဟု ဂျပန်ပညာရေးဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
07-Nov-2018
ဗဟန်းမြို့နယ် ယုဇနတာဝါတွင် ဖွင့်လှစ်ထားသော ဂျပန်စကားပြော သင်တန်းကျောင်းမှ ဒါရိုက်တာ ခင်မောင်ထွန်းနှင့် မန်နေဂျင်း ဒါရိုက်တာ ဒေါ်မြင့်သီရိလှိုင်တို့ကို နိုဝင်ဘာလ ၆ ရက်က ဗဟန်းမြို့မရဲစခန်းတွင် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Nov-2018
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သည် ၂၀၂၀ ရွေးကောက်ပွဲကာလမတိုင်မီတွင် အမုန်းစကား ဖြန့်ချိမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ မြင့်တက်လာမည်ကို စိုးရိမ်ခြင်းကြောင့် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော ဖေ့စ်ဘွတ်ခ်အကောင့်များနှင့် စာမျက်နှာများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း Straits Times က ဖော်ပြထားသည်။
07-Nov-2018
အကျပ်အတည်းတွေ့ကာ တစ်ဆို့နေသည့်အပစ်ရပ် NCA လုပ်ငန်းစဉ်ကို အဖြေရှာရန် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာလ ၆ ရက်မှ စတင်ကျင်းပလျက်ရှိသည်။
07-Nov-2018
ရမည်းသင်းမြို့နယ် သမဝါယမဦးစီးမှူး ဦးနေလင်းအပါအဝင် သမဝန်ထမ်းခြောက်ဦးသည် ငွေသိန်းထောင်ချီ အလွဲသုံးစားလုပ်သည်ဟူသော တိုင်ကြားချက်အရ ဖမ်းဆီးစစ်ဆေးနေကြောင်း ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးနေဝင်းဟန်က ပြောကြားသည်။
07-Nov-2018
ဘဏ်အမျိုးအစားမတူသည့် အကောင့်များ ငွေလွှဲခြင်းစနစ်သစ်ကို ဘဏ်သုံးဘဏ်က ယခုနှစ်ကုန်တွင် စတင်ဝန်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း Myanmar Payment Union (MPU) ထံမှ သိရသည်။
07-Nov-2018
ရန်ကုန်ဆိပ်ကမ်းတွင် အသုံးပြုမည့် ဆိပ်ကမ်းသုံးတွန်း/ဆွဲရေယာဉ် မာန်အောင် ၄ ကို အစိုးရနှင့်ရေယာဉ်တည်ဆောက်ရေး ပူးပေါင်းလုပ်ကိုင်နေသည့် Myanma Shipyards – AMECC JV Co., Ltd. က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ နိုဝင်ဘာလ ၆ ရက်က လွှဲပြောင်းပေးခဲ့သည်။