News

21-Oct-2016 tagged as
ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာ့ ကမ်းရိုးတန်းသို့ ဦးတည်လျက် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
21-Oct-2016 tagged as ကျွန်းသစ်
မြန်မာနိုင်ငံတွင် တရားမဝင် ခုတ်လှဲ ထားသော ကျွန်းသစ်များကို ဥရောပ ဈေးကွက်သို့ တင်သွင်းသူ သစ်ကုန်သည်များမှာ ဥရောပ သမဂ္ဂ၏ သစ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်လျက် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ (EIA) က ပြောဆိုလိုက်သည်။
21-Oct-2016 tagged as ဂင်းနစ်
လူအများဆုံး တစ်ပြိုင်နက်တည်း ခုန်၍ လက်ဝါးချင်း ရိုက်သည့် အစီအစဉ်ဖြင့် ဂင်းနစ် ကမ္ဘာ့စံချိန် ချိုးနိုင်ရန် ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းအမှတ် (၄) အလုံမှ ကျောင်းသားများ ကြိုးပမ်းကြမည်ဖြစ်သည်။
21-Oct-2016 tagged as အိမ်ဖော်
အိမ်အကူ နှစ်ဦးကို ညှဉ်းပန်း နှိပ်စက်သဖြင့် နာကျင်စေမှုများဖြင့် အမှုဖွင့် တရားစွဲဆိုသည့် ကျောက်တံတား ရဲစခန်းမှ ဒုရဲမှူးတိုးမြို့ကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျောက်တံတား မြို့နယ်တရားရုံး၌ စတင် စစ်ဆေးနေပြီဖြစ်သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များတွင် လူဝင်လူထွက် စိစစ်ရေးရုံးများ ထူထောင်ရန် သဘော တူညီထားကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
21-Oct-2016 tagged as မန္တလေး
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအနီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တောင်သမန်သစ္စာ စီမံကိန်းကို ဒေသခံအများစုက မနှစ်သက်ကြကြောင်း အမရပူရမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောကြားသည်။
21-Oct-2016 tagged as IS
IS တို့ ခြေကုပ် ရယူထားရာ မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့တွေနဲ့ မဟာမိတ် တပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်လျက်ရှိရာမှာ IS တို့က မိသားစုပေါင်း ၅၅၀ ခန့်ကို လူသား တံတိုင်းအဖြစ် အသုံးပြုသွားဖွယ် ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။
21-Oct-2016 tagged as လူသတ်မှု
"ရွာပြင်မှာနေတဲ့ ကိုစိုးမင်းတို့ မိသားစုဆီ ပြစ်မှုကျူးလွန်သူက အလည်လိုက်လာရာက မင်းတို့ အိမ်တွေမှာ တစ္ဆေသရဲတွေ ဝင်ပူးနေတယ်။ ငါက ပယောဂဆရာ တစ်ယောက်ပါ သရဲမောင်းထုတ်ပေးမယ် ပြောပြီး တဲအိမ်လေးလုံးက မိသားစု အယောက် ၂၀ ကို စည်းဝိုင်းထဲထည့်ပြီး ကလေးငယ်တွေကို သူက ထိုးကြိတ် ကန်ကျောက်ခဲ့တာ။ သုံးယောက် သေသွားတယ်။ တစ်ယောက်က ရန်ကုန်ဆေးရုံမှာ"
21-Oct-2016 tagged as
အောက်တိုဘာလ ၂၀ ရက်ည ၁၀ နာရီအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ဆယ်လန့်ရွာအထွက် နမ့်ခမ်း မရောက်ခင် ၂ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
21-Oct-2016 tagged as လွင်မိုး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူခံရခြင်းနှင့် ပတ်သက်၍ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက The Voice သို့ ပြောကြားသည်။
21-Oct-2016 tagged as ကရင်
ဧည့်စာရင်းတိုင်ရန် မလိုဟု လွှတ်တော်မှ ချမှတ်ထားသော်လည်း ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကိစ္စနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှု ပြဿနာများ ရှိသည့်အတွက် ဧည့်သည်များ လာရောက်တည်းခိုပါက ဒေသတွင်း လုံခြုံရေးအတွက် ဧည့်စာရင်းတိုင်ရန် လိုကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
21-Oct-2016 tagged as အီရတ် IS
အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးလ်မှ IS စစ်သွေးကြွများကို မောင်းထုတ်ရန် ကာ့ဒ်တပ်ဖွဲ့များက မြို့အရှေ့ဘက်နှင့် မြောက်ဘက်မှ အကြီးစား ထိုးစစ်ဆင်နေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
20-Oct-2016 tagged as မန္တလေး
မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိ သည့် မန္တလေးမြို့ပေါ် ခုနစ်နေရာတွင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
20-Oct-2016 tagged as
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို ခံရသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို အောက်တိုဘာလ ၂ဝ ရက် မွန်းလွဲပိုင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုမှ တရားလို ရဲအရာရှိကို စတင် စစ်ဆေးခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။