News

02-Jun-2017
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့သို့ ရောက်ရှိလာသော တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဆိုင်းဘုတ်ကိုင်ကာ ကြိုဆိုခဲ့မှုကြောင့် အမှုဖွင့်ခံရသူနှစ်ဦး၏ အမှုကို ဇွန်လ ဒုတိယပတ်အတွင်း တရားရုံးတင်မည် ဖြစ်ကြောင်း ဟုမ္မလင်း မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောကြားသည်။
02-Jun-2017
သာကေတမြို့နယ်၊ ၁၀/တောင် (၁၂) ရပ်ကွက်၊ ဇေယျဝတီ ၁ လမ်းတွင် မေလ ၃၁ ရက် ည ၁၀ နာရီက မူးယစ်သတင်း ရရှိထားသော အမျိုးသားတစ်ဦး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှ တန်ဖိုးငွေ ကျပ်သိန်း ၁၈၀ ကျော်ရှိ စာတန်းပါ WY စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Jun-2017
လယ်ယာထွက်သီးနှံများ ရောင်းချရာမှ ရရှိသော ဝင်ငွေအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို လယ်သမားများထံမှ ကောက်ခံမည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
02-Jun-2017
မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် လေယာဉ်မောင်းခန်း အတွင်းသို့ ခရီးသည်တစ်ဦး ဝင်ရောက်ရန် ကြိုးစားမှုကြောင့် မဲလ်ဘုန်းလေဆိပ်သို့ ပြန်လှည့်ခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
02-Jun-2017
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ ငွေကြေးအရှုပ်တော်ပုံတွင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်ဟု ဆိုသော ပဲ့ထောင်စက်လှေ နှစ်စင်းကို ဌာနသို့ ပြန်ပေထားကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောကြားသည်။
02-Jun-2017
သာကေတမြို့နယ် အနော်မာရပ်ကွက်၊ အနော်မာ ၁၃ လမ်း (အနောက်) တွင် ခွင့်ပြုချက်မရှိဘဲ လမ်းပေါ်ဝတ်ပြုသည့် အစ္စလာမ်အဖွဲ့ကို ဦးဆောင်ခဲ့သူ မိုးဇော် (ခ) နုရှရင်ကို ရပ်ကျေးဥပဒေပုဒ်မ ၂၆ အရ သာကေတမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်းက The Voice သို့ ပြောကြားသည်။
02-Jun-2017
ခရီးသွားအများအပြား လာရောက် လည်ပတ်လေ့ရှိနေသည့် ကမ္ဘာကျော်ဂုတ် ထိပ်တံတားအနီးတွင် အရှည်ပေ ၂၀ဝ၀ ကျော်ရှိ ကြိုးဆိုင်းတံတား အသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
02-Jun-2017
သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဘာသာရေး အယောင်ဆောင်ကာ အလှူငွေ ကောက်ခံနေသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို ရှောင်တခင် စစ်ဆေး အရေးယူမည်
02-Jun-2017
မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးအတွင်းရှိ မဖယ်ရှားဘဲ ပြန်လည် ဖွင့်လှစ်ခဲ့သည့် ကေတီဗီဆိုင်၂ ဆိုင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပုဒ်မ ၆(၁) (နိုင်ငံပိုင်ပစ္စည်း ပျက်စီးစေမှု) ဖြင့် တရားစွဲဆိုလိုက်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
02-Jun-2017
ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ထားသော ငွေကြေးနှင့် စက်ပစ္စည်းများနှင့် ပတ်သက်၍ စာရင်းရှင်းလင်းမှု၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုနှင့် ရှေ့ လုပ်ငန်းစဉ်များကို တိုင်းလွှတ်တော် ကော်မတီက ကွင်းဆင်း စစ်ဆေးမည်
02-Jun-2017
သာကေတမြို့နယ် ရှုခင်းသာမြို့ ပတ်လမ်းရှိ မြရည်နန္ဒာအိမ်ရာဝင်း ခြံအမှတ် ၈ တွင် ယနေ့(ဇွန်လ ၁ ရက်) နံနက် ၈ နာရီက အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူနှင့် ခင်ပွန်း ဖြစ်သူ အိန္ဒိယနိုင်ငံသားတို့ သေဆုံးခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ရာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ခဲ့သည်။
01-Jun-2017
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် တွေ့ဆုံခဲ့ရာတွင် သရုပ်ဆောင် မင်းသမီး ပရီယန်ကာချိုပရာသည် ဒူးပေါ်သောဝတ်စုံကို ဝတ်ဆင်ခဲ့သဖြင့် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူများ၏ ဝေဖန်မှုများနှင့် ကြုံနေရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
01-Jun-2017
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်၌ တံတားအစင်းရေ ၄၉၁ စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် ရှင်းလင်းပွဲအတွင်းမှ သိရသည်။
01-Jun-2017
သာကေတမြို့နယ် ၁၀/တောင် ၁၃ ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းရှိ မြရည်နန္ဒာ အိမ်ရာဝင်း ခြံအမှတ် ၈ တွင် ယနေ့ (ဇွန်လ ၁ ရက်) နံနက် ၈ နာရီခန့်က အမျိုးသမီးတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Jun-2017
ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဝမ်းလထွားကျေးရွာ နေအိမ်ခြံဝင်းတစ်ခုရှိ မာလကာပင်တစ်ပင်တွင် ယနေ့ (ဇွန်လ ၁ ရက်) နံနက် ၄ နာရီခန့်က အသက် ၁၉ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း ဒီမောဆို မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။