News

30-Jul-2020
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအချို့ဘုရားဖူးများဝင်ရောက်ခွင့် ကန့်သတ်လိုက်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှသိရသည်။
30-Jul-2020
ဆိုင်ကယ်ဖြင့် ကမ္ဘာကိုပတ်ခဲ့သည့် အာရှတိုက် ၏ ပထမဆုံးသော မြန်မာအမျိုးသမီး ‌ဒေါ်တင်တင်စိန် ဇူလိုင်လ၂၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်မြို့တွင်ကွယ်လွန်ခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။
29-Jul-2020
မိတ္ထီလာမြို့နယ်မှဒေသခံများ သောက်သုံးရေ အားထားရာ မိတ္ထီလာကန်ရေ နှစ်ပေခန့်မြင့်တက်လာစေရန် မုန်တိုင်ဆည်ရေလွှတ်ပေးမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
29-Jul-2020
ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် လမ်းသစ်ပိုင်းဖွံဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ချေးငွေနှစ်ခုယူရန်ကိစ္စကို တပ်မတော်က ကန့်ကွက်လိုက်သည်။
29-Jul-2020
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာရာတွင် လူစုလူဝေးမဖြစ်စေရန် ပညာရေးဝန်ကြီး ဌာန၏ Website မှ အရင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။
29-Jul-2020
ဘော်လခဲခရိုင် သစ်တောဦးစီးဌာနမှ သစ်များသယ်ဆောင်လာသော မော်တော်ယာဉ်လေးစီးကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဖားဆောင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ သေနတ်ဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
29-Jul-2020
အသိအမှတ်ပြုထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများမှ ရရှိသည့်ဝင်ငွေများကို ဘာသာရေးနှင့် ကုသိုလ်ရေးအတွက် အသုံးပြုပါက ဝင်ငွေခွန်ဥပဒေနှင့်အညီ အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
29-Jul-2020
သြဂုတ်လ ၁ ရက်နေ့တွင်ဖွင့်လှစ်မည့် အောင်ဘာလေထီဆုပေးပွဲတွင် လာရောက်ထုတ်ယူခြင်းမရှိသည့် ဆုမဲများထဲမှ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုပါ ထပ်မံချီးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။
29-Jul-2020
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများ ဆုံးနေထိုင်လုပ်ကိုင်နေကြသည့် ဆမွတ်ဆခွန်ခရိုင် မဟာချိုင်ရပ်တွင် ဖွင့်ထားသည့် MCDC အလယ်တန်းကျောင်း ကိုဗစ်ကာလ အခက်ခဲကြောင့် ယခုစာသင်နှစ်တွင် ဖွင့်လှစ်ရန် မဖြစ်နိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးကွန်ရက်f(MWRN) စီမံကိန်းဒါရိုက်တာ ဦးစိန်ဌေးက ပြောကြားသည်။
29-Jul-2020
ကျောင်းသား၊ ကျောင်းသူများထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် သံသယရောဂါလက္ခဏာများ ပုံမှန်စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူးထံသို့ နေ့စဉ် သတင်းပို့ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။
29-Jul-2020
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် YBS စီးနင်းသည့် ခရီးသည်လျော့ကျ လာခဲ့သော်လည်း ဇူလိုင်လနောက်ဆုံး အပတ်မှ စတင်ကာ တစ်ရက်လျှင် ခရီးသည် ၁၀ သိန်းကျော်အထိ စီးနင်းမှု ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA မှ သိရသည်။
29-Jul-2020
ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက် နေ့အထိ ဈေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာ ၁၇၅ ဒသမ ၁ သန်း ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းထုတ်ပြန်ချက်များအရ သိရသည်။
29-Jul-2020
Covid-19 ကြောင့် လေးလနီးပါး ခန့် ပိတ်ထားသော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိဘုရား၊ စေတီတော်များကို ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
28-Jul-2020
ကိုဗစ်ကာလအလွန် မြန်မာ-အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံအကြား စီးပွားရေးအခွင့်အလမ်းများအတွက် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ကုန်သည်စက်မှုအသင်းချုပ်နှင့် အမေရိကန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
28-Jul-2020
ယခုနှစ် ဇူလိုင်လ၂၃ ရက်နေ့ကစတင်ကာ အခြေခံပညာအထက်တန်းအဆင့်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ရာ ပြည်နယ်အစိုးရ အဖွဲ့က ကားစီစဉ်ပေးနိုင်ခြင်းမရှိသည့်အတွက် ကျောင်းသူ၊ကျောင်းသားများ အခက်ခဲနှင့် ရင်ဆိုင်နေရသည်ဟု ကျိုက်ထီးရိုးတောင်ပေါ်မှ ဒေသခံများက ပြောဆိုသည်။