News

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းကြီးကျေးရွာအနီး ရွှေချောင်းကြီးကုမ္ပဏီ ရွှေတူးဖော်ရေး လုပ်ကွက်တစ်ခုတွင် သြဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီအချိန်က လူသတ်မှုဖြစ်ခဲ့ကြောင်း သပိတ်ကျင်းမြို့ မရဲစခန်းထံမှ သိရသည်။
16-Aug-2017 tagged as ဘောလုံး
မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် SEA Games ၏ သြဂုတ်လ ၁၆ ရက် (ယနေ့) ည ၇နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံးပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ယင်းရုပ်သံနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်းရေမှတ် ကျော်လွန်ရောက်ရှိကာ စပါးစိုက်လယ်ဧက ၇၀၀ ကျော် ရေဝင်နစ်မြုပ်ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
16-Aug-2017 tagged as ဦးပိန်တံတား
ကမ္ဘာကျော်ဦးပိန်တံတားတွင် အများပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ လက်ရန်းများ တပ်ဆင်မည်ဟု ဦးပိန်တံတား ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင် တစ်ဦးက ထုတ်ပြန်ခဲ့ရာ ယင်းကိစ္စကိုကန့်ကွက်ကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ဒေါက်တာ ဇာခြည်မင်းက ပြောကြားသည်။
16-Aug-2017 tagged as ကလေးငယ်
မန္တလေးမြို့ပေါ် လူစည်ကားရာ နေရာများတွင် တောင်းရမ်းစားသောက်ရန် ကလေးများအား စေခိုင်းသူများကို ဩဂုတ်လ ၁၄ ရက်နေ့က ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်လိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည် ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ Mawlamyine Cement Ltd. (MCL) အနီးဝန်းကျင်တွင် နေထိုင်နေကြသည့် ဒေသခံများ သောက်ရေ သုံးရေနှင့်ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
16-Aug-2017 tagged as
ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ဆရာဝန်ကို ကျူရှင်ဆရာ သုံးဦးက ဩဂုတ်လ ၁၄ ရက်နေ့က ဝန်ချတောင်းပန်ကာ နှစ်ဖက် ကျေအေးခဲ့သော်လည်း ဒေသခံများက တရားစွဲဆိုမည်ဆိုသည့်အပေါ် တိုက်နယ် ဆရာဝန် ဒေါက်တာကျော်မျိုးဇော်က တရားစွဲဆိုမှု မဖြစ်စေရေးအတွက် ဖျောင်းဖျနေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ခန္တီးမြို့အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေသည့် ရေယာဉ်များ ပြေးဆွဲမှုကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၅ ရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ(မုံရွာ) ဌာနမှူး ဦးသောင်းညွန့်က ပြောကြားသည်။
16-Aug-2017 tagged as ယာဉ်တိုက်မှု
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းပေါ်တွင် ဩဂုတ်လ ၁၄ ရက် ည ၇ နာရီခွဲခန့်က တိမ်းမှောက်သည့် စက်ဘီးတစ်စီးကို မျက်နှာချင်းဆိုင် မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ရာ စက်ဘီးစီးသူ အသက် ၄၈ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ကျေးရွာ ၉၅ ရွာကို ပြည်ထောင်စုအစိုးရက လယ်ယာသုံး ပစ္စည်းများနှင့် ရိက္ခာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
16-Aug-2017 tagged as YBS
ရိုက်တာသတင်းဌာနက YBS အကြောင်း ရေးသားထားသည့် သတင်း ဆောင်းပါးနှင့်ပတ်သက်၍ အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီထံသို့ တိုင်ကြားစာ တစ်စောင်ကို ဩဂုတ်လ ၁၄ ရက်က အီးမေးလ်ဖြင့် ပေးပို့တိုင်ကြားခဲ့ကြောင်း ကောင်စီ အဖွဲ့ဝင်များထံမှ သိရသည်။
15-Aug-2017 tagged as မြစ်ရေ Disaster
စစ်ကိုင်းတိုင်း ခန္တီးမြို့တွင် ဩဂုတ်လ ၁၅ ရက်က ရောက်ရှိသော ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ ယခုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ပြောကြားသည်။
15-Aug-2017 tagged as မော်လမြိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အထူးပြုစု စောင့်ရှောက်မှု လိုအပ်နေသော အော်တစ်ဇင် ကလေးများအတွက် ပြုစုစောင့်ရှောက်ရေး စင်တာကို စက်တင်ဘာလမှ ၄ ရက်မှ စတင်ကာ ယာယီဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းဖွင့်လှစ်နိုင်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
15-Aug-2017 tagged as
လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ပဲခူးလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် ဩဂုတ်လ ၁၃ ရက် ည ၉ နာရီခန့်က ရန်ဖြစ်နေသူများကို ဝင်ရောက် ဖျန်ဖြေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ရိုက်နှက်ခံရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Aug-2017 tagged as FDA ကျန်းမာရေး
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ကျေးရွာများတွင် စပ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများကို နှစ်ဆတိုး၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။