News

17-May-2017 tagged as မန္တလေး
မန္တလေးမြို့တွင် မေလ ၁၆ ရက်နေ့ ညပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် လမ်းမအချို့တွင် ရေလျှံမှုများ ဖြစ်ခဲ့ပြီး မော်တော်ယာဉ်များ သွားလာရာတွင် အခက်အခဲ ဖြစ်ခဲ့ရသည်။
17-May-2017 tagged as မဘသ
ဥပဒေကြောင်းအရ တုံ့ပြန်ရန် လိုအပ်ပါက မဘသအဖွဲ့ ကိုယ်စား လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမျိုးသားရေး လှုပ်ရှားသူများ ပါဝင်ကြောင်း မဘသအဖွဲ့ထံမှ သိရသည်။
17-May-2017 tagged as ဧရာဝတီ ပရဟိတ
ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် တူးမြောင်း ကျေးရွာအုပ်စုအပြင် ရေဆိုင် ကျေးရွာရှိ YGW ရတနာ အလင်းရောင် ပရဟိတကျောင်းရှိ ကလေးငယ်များကို စာသင်ပေးသည့် ဘုန်းကြီးများက ရိုက်နှက်မှုနှင့်ပတ်သက်၍ အဖွဲ့ ၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေပြီ
17-May-2017 tagged as
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို မေ ၂၀ ရက်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြုလုပ်မည်ဖြစ်သည်။
17-May-2017 tagged as စက်သုံးဆီ
ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားသော နယ်သာလန် နိုင်ငံအခြေစိုက် ကုမ္ပဏီ Shell က ပြည်တွင်းရှိ စက်သုံးဆီ ကုမ္ပဏီများနှင့် ပူးပေါင်း၍ စက်သုံးဆီ လက်လီဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
17-May-2017 tagged as မော်တော်ယာဉ်
မော်တော်ယာဉ် ဈေးကွက်အတွင်း သတင်းများ ထွက်ပေါ်နေသော ရန်ကုန် မော်တော်ယာဉ်လိုင်စင်များ ပြန်လည်ခွင့်ပြုတော့မည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
17-May-2017 tagged as
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အလုပ် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ရေး ပျက်ခံခြင်း၊ ကောင်းမွန်စွာ အိပ်မပျော်ခြင်းနှင့် အစားပုံမှန် မစားခြင်းတို့သည် တက်ခြင်းကို လှုံ့ဆော်နိုင်ပါသည်။
17-May-2017 tagged as
“ကိုယ့်အနီး ပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေး ဖြစ်တယ်လို့ သတင်းကြားရင် ခြင်ကိုက်မခံရအောင် ပိုပြီးတော့ ဆောင်ရွက်နေထိုင်သင့်တယ်”
17-May-2017 tagged as ဆေးရုံ
မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကင်ဆာရောဂါဝေဒနာရှင်များအတွက် နေ့ပိုင်းကုသမှုအဆောင် (Day Care Center) ကို ဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း ယင်းဆေးရုံ၏ ဆေးရုံ အုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။
17-May-2017 tagged as မင်္ဂလာဈေး
မီးဘေးသင့် မင်္ဂလာဈေး ပြန်လည် တည်ဆောက်ရန် ဈေးသူ၊ဈေးသားများနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
17-May-2017 tagged as အသည်းရောဂါ
မြန်မာနိုင်ငံအတွင်းရှိ အသည်းရောဂါ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကုသရေးနှင့် ကာကွယ်ရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည့် ဖောင်ဒေးရှင်း (Myanmar Liver Foundation - MyLiF) ကို မန္တလေးမြို့၌ လာမည့်မေလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးဆေးရုံကြီး အသည်း အထူးကုဌာနထံမှ သိရသည်။
ပါဘလိုပီကာဆို၏ နာမည်ကျော် လူပုံပန်းချီကားတစ်ချပ်ကို နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းချလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-May-2017 tagged as
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် IS အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သော ထိပ်တန်းလျှို့ဝှက် အချက်အလက်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီးကို မျှဝေပေးခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဖွင့်ချခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။
17-May-2017 tagged as စစ်တွေ
ရခိုင်ပြည်နယ် ပေါက်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယနေ့ (မေလ ၁၇ ရက်) နံနက်ပိုင်းက မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး ပေါက်တောမီးကြောင့် ၁၆ ဦး ဒဏ်ရာရရှိကာ လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ပြောကြားသည်။
မိုင်းဖြတ်မြို့နယ် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး နားမွန်းကျေးရွာအနီးတွင် မေလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးပေါ်မှ ကဖင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းထံမှ သိရသည်။