News

18-Sep-2017
အာဆီယံချန်ပီယံရှစ် ယူ ၁၈ ပြိုင်ပွဲတွင် ရလဒ်ဆိုးများ ကြုံခဲ့ရသည့်အတွက် မြန်မာ ယူ ၁၈ အသင်းနည်းပြချုပ် ပြင်သစ်နိုင်ငံသား ဘန်လာဘီကို နှစ်လစာ လျော်ကြေးပေးကာ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
18-Sep-2017
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေကားလမ်း ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် ကလေးမြို့ကြား တံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ကားကြီးများ ဖြတ်သန်းသွားလာမှု ရပ်နားထားရကြောင်း တမူးမြို့ရှိ ယာဉ်မောင်းများထံမှ သိရသည်။
18-Sep-2017
ခန္တီးမြို့နယ် နန့်စီပွန်ကျေးရွာ၌ မေလအတွင်းက ဖြစ်ပွားခဲ့သော ရေမဆေးကျောက် ရှာဖွေသူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်စဉ်နှင့် ဆက်စပ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၁၁ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က The Voice သို့ ပြောကြားသည်။
18-Sep-2017
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Junction City နေရာတွင် ၂၅ ထပ်ရှိ ကြယ်ငါးပွင့်အဆင့် Pan Pacific Yangon ဟိုတယ်ကို နိုဝင်ဘာလတွင် ဖွင့်မည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်လုပ်ငန်းစုက သတင်းထုတ်ပြန်သည်။
18-Sep-2017
မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပြီးတွင် ထရမ့် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များအကြား ကင်ဂျုံအန်း၏ နျူကလီးယားထိပ်ဖူးများနှင့် ပဲ့ထိန်းဒုံးကျည်များကို ဟန့်တားရန် စစ်ရေးအင်အားကို မည်သို့မည်ပုံ အသုံးပြုရမည်ဆိုသည့် ကိစ္စမှာ ပြန်လည်ဆွေးနွေးစရာ ဖြစ်လာခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
17-Sep-2017
ရန်ကုန်မြို့တွင် ရာသက်ပန်နံပါတ် အနီ ပြုလုပ်ထားသည့် အငှားယာဉ်များမှလွဲပြီး ကျန်အငှားယာဉ်များကို အနက်ပြောင်းရန် စီစဉ်နေသည်ဆိုသည့်သတင်းကြောင့် ရာသက်ပန် အငှားယာဉ်များ သိန်းနှစ်ဆယ်ကျော်အထိ ဈေးနှုန်း မြင့်လာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။
17-Sep-2017
လူနေမှုထူထပ်သည့် ရန်ကုန်မြို့တွင် လျှပ်စစ်သုံးစွဲမှု လျှော့ချနိုင်ရေး ရေနံဓာတ်ငွေ့ရည် (LPG) ဂက်စ်အိုးများ ဒီဇင်ဘာလမှစ၍ တင်သွင်း ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
17-Sep-2017
ရန်ကုန်မြို့တွင်း YBS ယာဉ်များ ပြေးဆွဲခြင်းကို တာဝန်ယူ ဆောင်ရွက်နေသည့် ယာဉ်လိုင်းကုမ္ပဏီများ အနေနှင့် အများပိုင်စနစ်ဖြင့် ပြေးဆွဲခြင်းမရှိပါက ယာဉ်လိုင်းကုမ္ပဏီအဖြစ်မှ ဖျက်သိမ်းမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
17-Sep-2017
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီး တောင်၊ မောင်တောဒေသရှိ နယ်ခြားစောင့် ရဲကင်းများနှင့် ဒေသခံ တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှု လုပ်ဆောင်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်သည်။
17-Sep-2017
ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည့်အပြင် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ ရွေ့လျားလာသည့် အရှိန်ကြောင့် ဒေသအလိုက်မိုးကြီးပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း ကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
17-Sep-2017
အာဆီယံချန်ပီယံရှစ် ယူ-၁၈ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲတွင် တာဝန်ယူခဲ့သည့် ဗီယက်နမ်ဒိုင်လူကြီးကို အရေးယူပေးရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အာဆီယံဘောလုံးအဖွဲ့ချုပ်ထံ စာတင်ထားကြောင်း သိရှိရသည်။
17-Sep-2017
လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ ဆရာစံလမ်းရှိ ဆန်ဆိုင်ဖွင့်ထားသော နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၁၆ ရက် ညပိုင်းက ၉၆ သိန်းကျော် တန်ဖိုးရှိ ရတနာ ပစ္စည်းများနှင့် ငွေများ ခိုးယူခံခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
17-Sep-2017
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရည်ရွယ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောက်လုပ်ရေးကုမ္ပဏီများကို ကုမ္ပဏီအဆင့်အတန်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများ အဆင့်အတန်း သတ်မှတ် အသိအမှတ်ပြုရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
17-Sep-2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မဟာဗန္ဓုလ လမ်းမကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေး ကွန်ရက် (ဗဟို)၏ အစီအစဉ်ဖြင့် အမေ့မေတ္တာ အခမဲ့ စက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။
17-Sep-2017
ကလေးသူငယ်များနှင့် နေ့စဉ် ထိတွေ့ဆက်ဆံနေရသည့် ဆရာများကို လာမည့်နွေရာသီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ သီတင်းတစ်ပတ်ကြာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ဥက္ကဋ္ဌ ဦးအာကာစိုးအောင်က ပြောကြားသည်။