လှိုင်သာယာမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ကျန်စစ်မင်းအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူနိုင်ပြီ ဆိုသည့်သတင်းများ ထွက်ပေါ်နေပြီး ယခုအချိန်အထိ တစ်စုံတစ်ယောက်ကိုမျှ ရောင်းချပေးခြင်း မရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
19-Jul-2017 tagged as
ထမင်းဆိုင်တွင် ထမင်းဖိုး မရှင်းနိုင်သဖြင့် မော်တော်ယာဉ်ဝှီးတက်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို ပေါင်နှံပြီး ပြည်သူ့ရင်ပြင်ရှေ့အရောက် ဖုန်းလုယက်ခဲ့သည့်အဖွဲ့ကို ဓားပြတိုက်မှုဖြင့် တရားစွဲဆိုထားကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
19-Jul-2017 tagged as အာဇာနည်နေ့
နှစ် ၇၀ပြည့်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဝန်ကြီးများရုံး၊ အာဇာနည်ဗိမာန် အပါအဝင် ဗိုလ်ချုပ်ပြတိုက် သုံးနေရာသို့ ပြည်သူ ခုနှစ်သောင်းကျော် တက်ရောက်ဂါရဝပြုခဲ့ပြီး တိုင်းနှင်ပြည်နယ် ၄ ခုခန့်မှ တက်ရောက်သည့် ပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီးသည် လူဦးရေ ထူထပ်များပြားသည့်အတွက် ကူးစက်ရောဂါများနှင့် ပတ်သက်လျှင် ထိပ်ဆုံး၌ ရှိနေဦးမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောကြားသည်။
ကွယ်လွန်သွားပြီဖြစ်သော အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်ကို ဂုဏ်ပြုသည့်အနေနှင့် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်တွင် ၎င်း၏ ရုပ်တု ဂုဏ်ပြုထားရှိမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအတွင်း ဇူလိုင်လ ၁၈ ရက်နေ့ ညနေက စက်လှေတစ်စင်း တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း မိုင်းကိုင်းရဲကင်းစခန်းထံမှ သိရသည်။
ပုသိမ်မြို့ရှိ သားသတ်လုပ်ငန်းတစ်ခုမှ ထွက်သည့် အမဲသွေးခဲများတွင် ကင်ဆာရောဂါနှင့် အရေးပြားယားယံသည့်ရောဂါ ဖြစ်ပေါ်စေသော မော်မလင် အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ လုပ်ငန်းရှင်ကို အမဲသွေးခဲထုတ်လုပ်ခြင်း ခြောက်လပိတ်သိမ်းအရေးယူထားကြောင်း
မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် DVB သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် သုံးဦးနှင့် ယာဉ်မောင်း သုံးဦးတို့ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ် တရားရုံး၌ မူလ သတ်မှတ်ရက်ထက် စော၍ ရုံးထုတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက ပြောသည်။
18-Jul-2017 tagged as ဒေါ်နယ်ထရမ့်
သမ္မတထရမ့်အား ဖလော်ရီဒါ တောင်ပိုင်းရှိ ၎င်း၏ မာအေလာဂိုစံအိမ်မှ ဧည့်မှတ်တမ်းကို ထုတ်ပြန်ပေးရန် အမေရိကန် တရားရုံးက ညွှန်ကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရခိုင်အမျိုးသား ပါတီ၏ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သော ဦးမြသန်းကို ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
18-Jul-2017 tagged as ဦးပိန်တံတား
တောင်သမန်အင်းအတွင်း ရေကြီးမှုများ ဖြစ်လာပါက ဦးပိန်တံတား ကြံ့ခိုင်မှုရှိစေရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။
စိုက်ပျိုးရေးကဏ္ဍတွင် အရင်းကျေ ကာလနှင့် မြေယာကိစ္စ အခက်အခဲများ ရှိသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
18-Jul-2017 tagged as ကညန
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ ကနဦး ယာဉ်မှတ်ပုံတင်ဌာနများတွင် ဇူလိုင်လ ဒုတိယပတ်မှစ၍ ယာဉ်မှတ်ပုံတင် ဆောင်ရွက်စဉ် မှတ်တမ်းဓာတ်ပုံ ရိုက်ခွင့်မပြုကြောင်း အဆိုပါဌာနထံမှ သိရသည်။
18-Jul-2017 tagged as YBS
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ အားလုံး ဇူလိုင်လ ၂၀ ရက်တွင် ငွေပုံးစနစ် (Cash box)အပြီး တပ်ဆင်ရမည်ဖြစ်ပြီး လုပ်ဆောင်ထားခြင်း မရှိသည့် ယာဉ်ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။