News

23-Sep-2017 tagged as မုံရွာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေသော ဝမ်ပေါင် ကုမ္ပဏီက စီမံကိန်း ခြံစည်းရိုး တိုးချဲ့ခတ်ရန် အစီအစဉ် ရှိနေသည်ကို တိုင်းဒေသကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က ကန့်ကွက်ထားသည်ဟု ဆားလင်းကြီးအမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ပြောကြားသည်။
23-Sep-2017 tagged as ပုဂံ ခရီးသွား
ပြည်တွင်း ခရီးသွားများအနေနှင့် သီတင်းကျွတ် ပိတ်ရက်ကာလတွင် ပုဂံနှင့် အင်းလေးဒေသတို့တွင် ဟိုတယ် ကြိုတင် ဘွတ်ကင်လုပ်သူ များပြားကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက် Jovago.net ၏ ထုတ်ပြန်ချက်အရ သိရသည်။
23-Sep-2017 tagged as ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၂ ခုနှင့် ကိုကိုးကျွန်းတို့တွင် စက်မှုဇုန်များနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန် စီစဉ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အစိုးရချင်း သဘောတူစနစ် (G to G) ဖြင့် လက်မှတ်ထိုး၍ ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် လုပ်ဆောင်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းတို့က လုပ်ဆောင်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ရခိုင်ပြည်နယ်တွင်း နှစ်ရက်တာ ကွင်းဆင်းလေ့လာခဲ့မှုမှ အရေးပေါ် အကောင်အထည်ဖော်မည့် စီမံချက်များနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၈ ရက်တွင် ဝန်ကြီးဌာနအလိုက် ဆွေးနွေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် ၂၀၁၆ ခုနှစ်အတွက် အာဆီယံ တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံးလောက၏ အမြင့်ဆုံးဆု တစ်ခုဖြစ်သည့် ဘောလုံးလောကအကျိုးပြု ထူးချွန်ဆု Goodwill Award ဆွတ်ခူးရရှိခဲ့သည်။
23-Sep-2017 tagged as မိတ္ထီလာ
မိတ္ထီလာမြို့ရှိ ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးပါသောမုန့် ၁၅ မျိုး စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန မိတ္ထီလာ ခရိုင်ဦးစီးမှူး ဒေါက်တာကျော်သန်းရွှေက ပြောကြားသည်။
အီရန်နိုင်ငံအနေနှင့် ဒုံးကျည်တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ မြှင့်တင်ရာတွင် မည်သည့်နိုင်ငံ၏ ခွင့်ပြုချက်ကိုမျှ ရယူမည်မဟုတ်ဟု အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်များကို ယမန်နေ့က ပယ်ချကာ အသိပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နဝမအကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေနှင့် ရွှေတံဆိပ် ၁၁ ခု အပါအဝင် ဆုတံဆိပ် လေးဆယ်ကျော် ရရှိခဲ့သည်။
23-Sep-2017 tagged as မွေးမြူရေး H5N1
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အပါအဝင် မြို့နယ် အများစု၌ အသားတိုး မွေးမြူရေး ကြက်အရှင်ဈေးကွက်မှာ သုံးရက်အတွင်း ဈေးပြန်လည် မြင့်တက်လာခဲ့ကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
23-Sep-2017 tagged as ရန်ကုန်
ရန်ကုန်မြို့လယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် Diamond 54 ဆိုင်တွင် လုယက်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုင်ဝန်ထမ်း အမျိုးသမီးဖြစ်သူမှ လီဆည် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
23-Sep-2017 tagged as မွန်ပြည်နယ်
မွန်ပြည်နယ် ၁၀ မြို့နယ်အတွက် ဖွဲ့စည်းပုံအရ ယာဉ်ထိန်းရဲအင်အား အလုံအလောက် ခန့်ထားနိုင်ခြင်း မရှိသေးဘဲ ၄၀ ရာခိုင်နှုန်းခန့် လိုအပ်နေကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ ထံမှ သိရသည်။
23-Sep-2017 tagged as ဧရာဝတီတိုင်း
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်နှင့် ရေဆင်းတန်ဆောင်းကြားတွင် သဘာဝဘေး အရေးပေါ် ကယ်ဆယ်၊ အကူအညီပေးရေးရုံးကို စက်တင်ဘာလ တတိယပတ်က စတင် တည်ဆောက်နေပြီး သုံးလအတွင်း အပြီး တည်ဆောက်ရန် လျာထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။
ကျောင်းမုန့်ဈေးတန်းများတွင် တရုတ်နိုင်ငံထုတ် မုန့်များအစား ပြည်တွင်းထွက် ပဲဖြင့်ပြုလုပ်သည့်မုန့်များ ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး အသေးစား စက်မှု၊ လက်မှုဦးစီးဌာနက ပြင်ဆင်နေကြောင်း စိုက်ပျိုးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။
23-Sep-2017 tagged as ဂန့်ဂေါ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာတွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲခန့်က ရှားပါးမျိုးသုဉ်းမည့်စာရင်းဝင် ဝက်ဝံတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။