News

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက်တွင် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကျပ်သိန်း ၉၀ ခန့်စီ တန်ဖိုးရှိသည့် ဘိန်းမဲများ သယ်ဆောင်လာသော မိန်းကလေးငယ်များ ပါဝင်သည့် မူးယစ်ဆေး သယ်ဆောင်လာသူ ငါးဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု အမှတ်(၃၀)ထံမှ သိရှိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း သစ်မှောင်ခိုသမားများကို တိုင်းစစ်ကြောင်း အဖွဲ့များဖြင့် ဖမ်းဆီးနေသော်လည်း လက်ရှိအချိန်အထိ သယ်ဆောင်ထုတ်ယူမှုများ မြင့်တက်လျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် စိမ်းရောင်စိုဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက ပြောကြားသည်။
13-Nov-2017 tagged as ရှမ်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ရှမ်းနီတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောကြားသည်။
မကွေးတိုင်း မြိုင်မြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ကြိုတင်ငွေပေး လျှပ်စစ်ဝယ်ယူသည့်စနစ်ကို နိုဝင်ဘာလ ၁၂ ရက်မှ စတင် ကျင့်သုံးနေပြီဖြစ်ကြောင်း Mandalay Yoma ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဇေယျက ပြောကြားသည်။
13-Nov-2017 tagged as
သန်းပေါင်းများစွာသော ငတ်မွတ်ခေါင်းပါး ဒုက္ခသည်များ ထွက်ပေါ်လာခြင်းကြောင့် ယီမင်သည် ကမ္ဘာ့အဆိုးဆုံး အငတ်ဘေးသင့်နေပြီဖြစ်ကြောင်း UN ထိပ်တန်း ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
13-Nov-2017 tagged as
ရာထူးမှနုတ်ထွက်သည်ဟု ရီယဒ်မြို့တော်တွင် ကြေညာခဲ့သည့် ဝန်ကြီးချုပ် ဟာရီရီ၏ အခြေအနေကို ရှင်းလင်းချက် ထုတ်ပြန်ပေးရန် လက်ဘနွန် သမ္မတက ဆော်ဒီအာရေဗီးယားကို တောင်းဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကနေဒါနိုင်ငံ၏ အကူအညီဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းအသုံးပြု၍ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ ပါဝင်သည့် My Finance စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
13-Nov-2017 tagged as အိန္ဒိယ
အိန္ဒိယနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးထွက်ရှိမှုမှာ စံချိန်တင်ပိုလျှံသည့် အနေအထားသို့ရောက်ရှိကာ အိန္ဒိယ တောင်သူများ အကျိုးစီးပွားကို ကာကွယ်ရန် မြန်မာနိုင်ငံမှ ပဲတင်သွင်းမှု ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်လိုက်ခြင်းကို ပြန်လည် ရုပ်သိမ်းရန် ခက်ခဲနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီတွင် ဘဏ္ဍာရေး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော လက်ဘနွန်နိုင်ငံသားတစ်ဦးကို ငွေကျပ်သိန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော် အလွဲသုံးစားပြုမှုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကို အရပ်ပုပြီး ဝတုတ်ဖြစ်နေသူ “ငပုဖက်တီး”ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter အကောင့်တွင် ဝေဖန်ထိုးနှက်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
12-Nov-2017 tagged as ရန်ကုန်
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ် ရောင်းချနေသော လမ်းဘေး ဈေးသည်များသည် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ကမ်းနားလမ်း ညဈေးသို့ ပြောင်းရွှေ့ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
12-Nov-2017 tagged as ဗဟိုဘဏ် SME
နိုင်ငံခြားဘဏ်များက ပြည်တွင်း ဘဏ်များမှတစ်ဆင့် SME (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း) များကို ထပ်ဆင့်ချေးငွေ (Two-Step Loan) ထုတ်ပေးနိုင်ရေးအတွက် ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
12-Nov-2017 tagged as ဦးဝီရသူ
မန္တလေး မဘသ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သော ဦးဝီရသူ၏တရားပွဲများကို ပြန်လည်ခွင့်ပြုပေးရန် သံဃာတော်အချို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)ထံ တင်ပြလျှောက်ထားခဲ့မှုကို မဟနက ခွင့်မပြုခဲ့ကြောင်း မဟနဦးဆောင် ဆရာတော်များထံမှ သိရသည်။
12-Nov-2017 tagged as KIO NCA UWSA TNLA AA
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် “ဝ”ဒေသ ပန်ဆန်းနှင့် မိုင်းလား အထူးဒေသတို့ကို သွားရောက်ကာ လက်နက်ကိုင် အဖွဲ့များကို နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်က တွေ့ဆုံခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ အချိန်မီ ကျင်းပပြီးစီးရေးအတွက် တိုင်းဒေသကြီး အစိုးရ၊ NLD ပါတီခေါင်းဆောင်များနှင့် ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲထံမှ သိရသည်။