News

13-Sep-2016
မြောက်အောက်ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည့် နူးကလီးယားဒုံးကျည်များ၊ ဗုံးများ သယ်ဆယ်နိုင်သည် B-1 မြန်နှုန်းမြင့် ဗုံးကြဲလေယာဉ်နှစ်စင်းကို အမေရိကန်က တောင်ကိုရီးယားနိုင်ငံ၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)တွင် ပျံသန်းကာ စစ်အင်အားပြခဲ့သည်
13-Sep-2016
"မူးယစ်ဆေးသုံးစွဲပြီး ဓားကိုင်သောင်းကျန်းသူထံကနေ မူးယစ်ဆေးဝါးတွေ့ရှိလို့ လက်ရှိတော့မူးယစ်အမှုနဲ့ပဲ အမှုဖွင့်အရေးယူထားတယ်။ဥပဒေအကြံပြုချက်တောင်းပြီးရင်တော့ ဓားကိုင်သောင်းကျန်းလို့ လက်နက်ဥပဒေအရထပ်ပြီး အမှုဖွင့်အရေးယူပါမယ်"
13-Sep-2016
သေဆုံးသူ ၃၀၀၀ နီးပါး၏ အမည်များကို ဖြည်းညင်းစွာ ရေရွတ်နေသံသည် အမေရိကန်၏ ဝမ်းနည်းစရာ အကောင်းဆုံး နေ့ရက်တစ်ရက်အကြောင်း မှတ်တမ်းတင်ထားသည့် မော်ကွန်းကဗျာရှည် တစ်ပုဒ်အလား အောက်မင်ဟက်တန်၏ တနင်္ဂနွေ နံနက်ခင်း တိမ်ဖုံးသော ကောင်းကင်ယံသို့ ပျံ့လွင့်နေသည်။
13-Sep-2016
"ကျောင်းထုတ်မယ့် ကိစ္စကို ကြိုတင်အကြောင်းကြားခဲ့ခြင်း၊ မိဘတွေကို ခေါ်ယူတွေ့ဆုံ သတိပေးခြင်းမျိုး တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော့်သား ကျောင်းထုတ်ခံရတယ် ဆိုတာကိုတောင် စက်တင်ဘာလ ၅ ရက်နေ့လောက်ကမှ အပြင်က သိရတာ။ ကျောင်းကို သွားကြည့်တော့မှ တကယ် ဖြစ်နေတာ"
13-Sep-2016
"မိုးအောင်ရင်ကို ရမန်ကြီး တစ်ပတ် ချုပ်ရက် ထပ်ယူပြီး ပုဇွန်တောင် ရဲစခန်းကအချုပ်ခန်းမှာ ဆက်လက်ထိန်းသိမ်းထားမှာပါ၊ သူ့ဆေးစစ်ချက် အဖြေကခုထိ မရသေးဘူး၊ ပြီးတော့ ရဲလုပ်ငန်းအရ စစ်ဆေးရမယ့် အချက်တွေ ကျန်နေသေးတယ်"
13-Sep-2016
"အိမ်၊ ခြံ၊ မြေအခွန်နှုန်းထားက ဒီဘဏ္ဍာနှစ်မှာတော့ လျှော့ကောက်ဖို့ မရှိသေးပါဘူး။ ယခင်နှုန်းထားအတိုင်းပဲ ကောက်ခံနေပါတယ်။ ပြည်တွင်းအခွန် ဌာနက ပြန်လည်ရေးဆွဲထားတဲ့ အခွန်နှုန်းထားသစ်ကို တိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်သွားပါမယ်"
13-Sep-2016
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ် ကြီးရှိ အလှူခံဌာနများအား ကန်ထရိုက် ပေးနေခြင်းစနစ်ကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်
12-Sep-2016
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ၇ ခုဖြင့် ဖွဲ့စည်းထားသည့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသည့် ပရီကာဆာ ဓာတု ကုန်ကြမ်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်မှု ထိရောက်စွာ ကာကွယ် တားဆီးမည့် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
12-Sep-2016
ယာဉ်ကြော ရှုပ်ထွေးမှု အများဆုံး နေရာတွင် ပါဝင်သည့် မန္တလေးမြို့ ၇၈ လမ်းနှင့် လမ်း ၃ဝ ဆုံရာ ဘူတာကြီး အဝိုင်းပတ်ကို ဖျက်သိမ်း၍ ယင်းနေရာတွင် အလိုအလျောက် ထိန်းချုပ်ပေးမည့် Real Time Traffic Light မီးပွိုင့်အဖြစ် ပြောင်းလဲတပ်ဆင် ထားရှိမည်
12-Sep-2016
ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းတွင်ပါရှိသည့် ဧည့်စာရင်းတိုင်ကြားရမည့်အချက် ကို ပယ်ဖျက်သင့်၊ မသင့် အချက်နှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောဆန္ဒများကို အွန်လိုင်းမှတစ်ဆင့် စစ်တမ်း ကောက်ယူမှုများ ပြုလုပ်
12-Sep-2016
ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများကို သယ်ယူ ပို့ဆောင်ရန် ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီအဖြစ် လျှောက်ထားသည့် ကုမ္ပဏီ ၂ဝ ကျော် ရှိသည့်အနက် ၁ဝ ခုခန့်သာ ဆန်ခါတင် ရွေးချယ်မည်
12-Sep-2016
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူဘက်က ကျွန်တော့်ကို စာတစ်စောင်ပို့ ထားတာရှိပါတယ်။ အဲ့ဒီစာပေါ် မူတည်ပြီးတော့ သူ့ကိစ္စရော၊ ဒီနေ့ကျွန်တော်တို့ ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှု၊ နစ်နာမှု၊ ကျွန်တော်တို့အတွက် သိက္ခာကျမှု အားလုံးအတွက်ရော ဥပဒေအရ ဘာဆက်လုပ်ရမလဲ ဆိုတာကို ကျွန်တော် တိုင်ပင်နေတုန်းပါပဲ"
12-Sep-2016
ယခုနှစ် အပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ နိုက်စ်အသင်းသို့ ပြောင်းရွှေ့ သွားခဲ့သော တိုက်စစ်မှူး ဘာလော့တယ်လီက ၎င်းအနေဖြင့် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အဆိုးရွားဆုံး အမှားအယွင်း တစ်ခု ဖြစ်ခဲ့သည်ဟု ထုတ်ဖော် ပြောဆို
12-Sep-2016
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာတော့ ဆွစ်ဇာလန် တင်းနစ်သမား ဝါရန်ကာက ကမ္ဘာ့အဆင့် (၁) တင်းနစ်သမား ဂျိုကိုဗစ်ကို ၆-၇ (၁-၇)၊ ၆-၄၊ ၇-၅၊ ၆-၃ နဲ့ အနိုင် ရသွားခဲ့ပြီး ယူအက်အိုးပင်း ချန်ပီယံဆုကို ရရှိ
12-Sep-2016
ဘာစီလိုနာအသင်း တိုက်စစ်မှူး နေမာကတော့ သူ့ရဲ့ အနုပညာခရီးကို စတင်တော့မယ်လို့ ကြေညာလိုက်ပြီး သူကိုယ်တိုင် သီဆိုထားတဲ့ ပထမဆုံး သီချင်းကို Facebook စာမျက်နှာမှာ တင်ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။