News

16-Sep-2016
ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် အသင်းနည်းပြ အလန်ပါဂျူးက ယာဉ်တိုက်မှုကြောင့် ကုသခံနေရသော နောက်ခံလူ ဆူအာရေးမှာ ဘောလုံး ပြန်လည် ကစားနိုင်ရန် အနည်းဆုံး ခြောက်လခန့် စောင့်ဆိုင်း ရဦးမည်
16-Sep-2016
ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကြောင့် ပြည်ထောင်စု တစ်ခုလုံး အန္တရာယ်ကျရောက်မည့် အခြေအနေ ဖြစ်လာလျှင် လက်ရှိ အစိုးရ၏ တာဝန်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြား နိုင်ငံရေးပါတီ ၁၀ ပါတီက ပူးတွဲထုတ်ပြန်
16-Sep-2016
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီး ကီလိုမီတာ ၇၀၁ နှင့် ၇၀၂ ကြားတွင် ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၁၁ နာရီခန့်က ရွှေရေကန် ခရီးသည်တင် အမြန်ယာဉ် တစ်စီး ချောင်းထဲ ထိုးကျ
16-Sep-2016
ဒီမိုကရက် ဟီလာရီကလင်တန်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးအခြေအနေ ဒေါင်ဒေါင်မြည် နေပြီဟု သူမ၏ဆရာဝန်က ပြောကြားခြင်း ကို သူမ၏မဲဆွယ်အဖွဲ့က သတင်းထုတ်ပြန် လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်
16-Sep-2016
စီးပွားရေးအခြေအနေ အားပျော့နေ သောကြောင့် စင်ကာပူတွင် အလုပ်လက်မဲ့ နှုန်း မြင့်တက်လာခဲ့ပြီး ဒုတိယသုံးလပတ် တွင် အလုပ်သမားလျှော့ချမှုများ ပိုမိုများ ပြားခဲ့ကြောင်း ပြည်သူ့အင်အားဝန်ကြီးဌာန (MOM) က ထုတ်ပြန်သည်
16-Sep-2016
ပင်လယ်ပြင်တွင် ဆီ (ရေနံ) ယိုဖိတ်မှုဖြစ်စဉ်များဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြိုတင်ပြင်ဆင်ထားခြင်းဆိုင်ရာ ကွန်ဗင်းရှင်း( OPRC 1990 Convention) တွင် မြန်မာနိုင်ငံအနေဖြင့်ပါဝင် လက်မှတ်ရေးထိုးထားရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ၍ သဘောထားတောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်
16-Sep-2016
ဖိလစ်ပိုင်သမ္မတ ရိုဒရေဂို ဒူတာတေးသည် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က တရားရေးဌာန ဝန်ထမ်းတစ်ဦးကို ကိုယ်တိုင် အူဇီသေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးသည် ဟူသော စွပ်စွဲမှုတစ်ခု ပေါ်ထွက်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
16-Sep-2016
“တကကှစီမောငှးသူက ခရီးသညအှမှိုးသမီးရဲ့ နအေိမကှို လိုကမှပို့ဘဲ RC 2 ထဲ ကားမောငှးခဲ့တယှ၊ မှောငရှိပှ ထဲရောကတှော့ ကားရပပှှီး နောကခှနှးမှာ ပါတဲ့ အမှိုးသမီးရဲ့ ပါးစပကှို လကနှဲ့ပိတှ တှနှးလဲှပှီး အဓမမှပှု ကငှ့ရှနှ ကှံစညနှခှေိနှ အမှိုးသမီးက ရုနှးကနပှှီး ထှကပှှေးခဲ့တာလို့ အမှုဖှင့ှ တိုငကှှားခကှအှရ သိရတယှ၊ အငှားယာဉမှောငှးကို မမိသေးပါဘူး ”
16-Sep-2016
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူငယ်များ မူးယစ်ဆေးနွံအတွင်း မကျရောက်စေရန် အားကစားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
16-Sep-2016
“တရားရုံး တာဝန်ရှိသူတွေက အနိုင်ဒီဂရီ ရရှိထားတဲ့ သူတွေကို လက်ရောက်ပေးအပ်ဖို့အတွက် နေအိမ်ကို ဖျက်သိမ်းပေးပြီး ဖယ်ရှားဖို့စာထုတ်ပြန်တာကို လက်ရှိနေထိုင်သူတွေက ငြင်းဆန်ခဲ့ကြတဲ့အတွက် မဖယ်ရှားပေးတဲ့ မိသားစုဝင်ကို လက်မှတ်ရေးထိုးခိုင်းပြီး တာဝန်ရှိသူတွေ ပြန်လည် ထွက်ခွာသွားပါတယ်”
16-Sep-2016
ပီနန်ဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယကတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော မဟာသန္တိသုခကျောင်းတိုက်ရှိ လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏ သာသနာ့ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှု ပုဒ်မ ၂၀/၉၀ ဖြင့် တရားစွဲဆိုခံရမှုကို ပိတ်သိမ်းပေးရန် လျှောက်ထားချက်ကို စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းက တာမွေမြို့နယ် တရားရုံးမှ ပယ်ချလိုက်သည်။
16-Sep-2016
ထန်းတပင်မြို့တွင် တောင်ယာအရောင်းအဝယ် လုပ်ရာတွင် ပိုင်ဆိုင်မှု အငြင်းပွားပြီး စကားများကြရာမှ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရကြောင်း ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
16-Sep-2016
ယခုလပိုင်းအတွင်း ထားဝယ်နှင့် မြိတ်ဒေသတို့တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသားများ ဈေးလိမ်ရောင်းသည်နှင့် ပတ်သက်ပြီး ဒေသ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ပြီးခဲ့သည့်လက မြိတ်ခရိုင်အတွင်း ဖြစ်ပွားခဲ့ပြီး ယခုလတွင် ထားဝယ်ဒေသရှိ ကျေးလက်အချို့တွင် နိုင်ငံခြားသားများ လိမ်လည်ဈေးရောင်းချမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။
16-Sep-2016
” ဒေသခံပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ် ဖြစ် ခုတ်မယ်၊ လှဲမယ်ဆိုရင်တော့ သစ် တော ဥပဒေအရ အရေးယူခံရဖွယ်ရှိ ပါတယ်”
15-Sep-2016
တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဖော်ဆောင်ရန် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကို တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမည်