News

06-Sep-2019
မွန်ပြည်နယ်အတွင်း ယခု ၂၀၁၉ ခုနှစ် ပွင့်လင်းရာသီတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ရက် ၁၀၀ စီမံကိန်းဖြင့် တစ်ပြည်နယ်လုံး လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
06-Sep-2019
ကနောင်မင်းသားကြီး၏ မြစ်တော်၊ နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်း၏ ဇနီးဟောင်းဖြစ်သူ ရတနာနတ်မယ် ကွယ်လွန်သည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ဘဲ ချော်လဲ၍အရိုးကျိုးသွား ခြင်းသာဖြစ်ကြောင်း ရတနာနတ်မယ်၏ တူတော်စပ်သူ လင်းပင်တင်မျိုးသန့်က ပြောကြားသည်။
06-Sep-2019
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် သီရိမင်္ဂလာ ဈေးဟောင်းကို မြို့ပြလိုအပ်ချက်အရ ဖြိုဖျက်ကာ ပြန်လည်တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားသည်။
06-Sep-2019
နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာရန် တွန်းအားပေးသော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) ၏ လုပ်ဆောင်မှုကြောင့် မြန်မာလုပ်သားလေးသိန်းကျော် ထိခိုက်နစ်နာခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) က စက်တင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
06-Sep-2019
ဘဏ်ချေးငွေဂယက်ရိုက်ခတ်မှုကြောင့် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်း ရွှေဈေးနှုန်းအရ ကျပ် ၁၃ သိန်းသို့ စံချိန်တင်ရောက်ရှိသွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
06-Sep-2019
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်မှောက်မှု သက်ဆိုင်ရာက ၄၈ နာရီအတွင်း တာဝန်ယူမဖြေရှင်းပါက သပိတ်တိုက်ပွဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားဖြစ်ကြောင်း ယင်းသပိတ်မှောက် ဦးဆောင်ကော်မတီက ထုတ်ဖော်ပြောဆိုလိုက်သည်။
06-Sep-2019
ပြောင်းလဲချိန်တန်ပြီဟူသော စကားဖြင့် အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ပြောင်းလဲပါက ပြီးသည်ဟူသော သဘောဖြင့် လုပ်ဆောင်နေသည်ဟု ယူဆကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက လွှတ်တော်တွင် ပြောကြားလိုက်သည်။
05-Sep-2019
ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူမှုကို ရောင်းချမည့်ကုမ္ပဏီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ သိရသည်။
05-Sep-2019
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ထမုန်ကန်အုပ်စု၊ မဟာစည်ရပ်ကွက်ရှိ မြေကွက်ကို မြေပေးမိန့်စာရွက်မိတ္တူဖြင့် လိမ်လည်ရောင်းချခဲ့ကြောင်း သိရှိရ၍ အဆိုပါရောင်းဝယ်မှုတွင်ပါဝင်သော အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် မြေကွက်ရောင်းသော အမျိုးသမီးကို ကာယကံရှင်နစ်နာသူက စက်တင်ဘာလ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြားထားကြောင်း ထမုန်ကန်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
05-Sep-2019
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏စီမံချက်အဖြစ် မွန်ပြည်နယ်တွင် မဲဆန္ဒရှင်စာရင်းများကို လွန်ခဲ့သည့်ဇူလိုင်လမှ စတင်ကောက်ယူခဲ့ရာ ယခုတွင် မဲစာရင်းပြုစုမှု ၃၇ ရာခိုင်နှုန်းကျော် ရရှိထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
05-Sep-2019
မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ကမ်းဝေးငါးဖမ်းရေယာဉ်များကို စောင့်ကြည့်စစ်ဆေးသည့် ငါးဖမ်းလှေစောင့်ကြည့်ကိရိယာစနစ် (Vessel Monitoring System- VMS) ကို လာမည့်အောက်တိုဘာလတွင် အပြီးတပ်ဆင်ရန် ညွှန်ကြားထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။
05-Sep-2019
မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သည့် စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရားသို့ လာရောက်ကြသည့် ပြည်ပခရီးသွားများထံမှ ဝင်ကြေးကောက်ခံနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။
05-Sep-2019
ကမ္ဘာကြီးအနေဖြင့် ရုပ်ကြွင်းလောင်စာများကို ထုတ်ယူသုံးစွဲနေခြင်းကို ရပ်တန့်လိုက်သင့်ပြီဖြစ်ကြောင်း ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။
05-Sep-2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝေါ်ခုတ်ရပ် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ခါနွေဦးစတိုးဆိုင်အနီးတွင် စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲခန့်က Toyota Voxy အမျိုးအစား မော်တော်ယာဉ်အောက်၌ ဝင်အိပ်သည့်အမျိုးသား ကားကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က ပြောကြားသည်။
05-Sep-2019
ချင်းပြည်နယ် ဖလမ်းမြို့နယ် တလန်လို ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာလ ၅ ရက်) နေ့လယ် ၁၁ နာရီ ကျော် အချိန်ခန့်က ဟားခါး-ဖလမ်း ကားလမ်းချဲ့နေသည့် တောင်ပေါ်မှ ကျောက်တုံးကြီးတစ်တုံး နေအိမ်ပေါ်သို့ ပြုတ်ကျခဲ့ပြီး အိမ်ရှင်အမျိုးသမီး ဒဏ်ရာရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း တလန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇနယ်လိန်က ပြောသည်။