News

02-Sep-2019
ဟောင်ကောင်ရှိ ဗစ်တိုးရီးယားပန်းခြံတွင် စနေနေ့က နောက်ဆုံးပေါ်ပေါက်ခဲ့သည့် ဆူပူဆန္ဒပြပွဲကြီးတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် အသက်အန္တရာယ်ခြိမ်းခြောက် ခံလာရသည်အထိ ဆန္ဒပြသူများ၏ ဖိအားပေးခံလာရခြင်းကြောင့် မိုးပေါ်သို့သေနတ် နှစ်ချက် ပစ်ဖောက်ခဲ့ရကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
02-Sep-2019
လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသော ပုဒ်မများဖြစ်သည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့အား အမြန်ဆုံးဖျက်သိမ်းသင့်ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု) အဖွဲ့က အစိုးရကို အကြံပြု တိုက်တွန်းလိုက်သည်။
02-Sep-2019
အမေရိကန်ပြည်ထောင်စု တက္ကဆပ် ပြည်နယ်တွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက် သေနတ်ပစ်ခတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၅ ဦး သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
01-Sep-2019
ချင်းပြည်နယ်တွင် ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၁၀၆ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
01-Sep-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ထင်ရှားသည့် ဘုရားအဆူ ၄၀ ကျော်၏ မြေငလျင်ဒဏ်ခံနိုင်ရည် ကြိုတင်ဆန်းစစ် လေ့လာခြင်းလုပ်ငန်းများ ပြီးဆုံးပြီဖြစ်ကြောင်း Bagan Technical Experts Team ထံမှ သိရသည်။
01-Sep-2019
တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ် ကြိမ်ဖြေဖူးသည့် ကျောင်းသားများ သက်မွေးပညာရပ်အတွက် အခက်အခဲမရှိစေရန် ဂျပန်အထောက်အပံ့ဖြင့် AGTI ကျောင်းသားဟောင်းများအသင်းက ဖွင့်ထားသည့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်နိုင်ကြောင်း ဆာကူရာ အသက်မွေးမှုသင်တန်းကျောင်းထံမှ သိရသည်။
01-Sep-2019
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်က အင်အားရစ်ခ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ကြိမ်၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာတွင် ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က အင်အားရစ် (ခ်) တာစကေး ၆ အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ခြင်းကြောင့် ရွှေဘို၊ ရေဦးနှင့် ခင်ဦးမြို့တို့တွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
01-Sep-2019
ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအနက် ရန်ကုန်-တောင်ငူလမ်းပိုင်းကို ယခုနှစ် အောက်တိုဘာလတွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း တိုင်း (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
01-Sep-2019
တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် တစ်ဖက်နှင့်တစ်ဖက် ထုတ်ကုန်များကို အခွန်တိုးမြှင့် ကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ခင်းနေကြရာ ယခုအခါလည်း ထပ်တိုးအခွန်များ ထပ်လုပ်လိုက်ကြောင်း သတင်းများက ဖော်ပြထားသည်။
01-Sep-2019
ယနေ့ထွက်ရှိခဲ့သည့် ၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲထီဆုကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတွေးရပ်ကွက်က ကိုကျော်မျိုးဝင်းဆိုသူက ဆွတ်ခူးသွားကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီလုပ်ငန်းထံမှ သိရသည်။
01-Sep-2019
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် KBZ ဘဏ်မှ ငွေထုတ်ယူပြီး နေအိမ်ပြန်လာသည့် အမျိုးသမီးကို ဓားထောက်၍ ငွေလုယူသည့် အဖွဲ့အား စစ်ဆေးရာမှ ဘဏ်ထဲ မျက်နှာဖုံးစွပ် ဝင်ရောက်ပြီး လုယက်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိခဲ့သည်။
01-Sep-2019
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ g & g စတိုးဆိုင်တစ်ဆိုင်ထဲ ဝင်ရောက်ကာ လုယက်မှုကျူးလွန်သည့် အမျိုးသားနှစ်ဦးကို အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
01-Sep-2019
ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ၏ မကောင်းကြောင်း ပြောသူများသည် ချင်းသစ္စာဖောက်များဖြစ်ကြောင်း ဗဟိုပါတီဥက္ကဋ္ဌ ပူးဇိုဇမ်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့မှုနှင့် ပတ်သက်၍ ပါတီက ကြေညာချက်ထုတ်၍ ပြန်လည်ရှင်းလင်းခဲ့သည်။
01-Sep-2019
အမေရိကန်တွင် ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူ တစ်ဦးဖြစ်သည့် ခါလစ်ရှိတ်မိုဟာမက်အား အမှုစစ်ဆေးမည့်ရက်ကို သတ်မှတ်လိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။
01-Sep-2019
ဟောင်ကောင်တွင် လူထုအင်အား အမြောက်အမြားဖြင့် စနေနေ့တွင် ချီတက်ဆန္ဒပြမည့် အစီအစဉ်အား အစိုးရအာဏာပိုင်များက တားမြစ်လိုက်ပြီးနောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အထင်ကရ ပုဂ္ဂိုလ်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။