News

04-Jul-2019
၂၀၂၀ ရွေးကောက်ပွဲအတွက် ကော်မရှင်၏ သမိုင်းကို အရိုင်းခံမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
04-Jul-2019
တောင်ငူမြို့နယ် ကေတုမတီမြို့သစ်တွင် တပ်မတော်အရာရှိဟောင်းနှင့် ဇနီးကို မသေမချင်း ထုနှက်သတ်ခဲ့သည့် နှစ်လောင်ပြိုင်လူသတ်မှုကို ယခုနှစ်ကုန်ပိုင်းတွင် အမိန့်ချမည်ဖြစ်ကြောင်း တောင်ငူခရိုင်တရားရုံးမှ သိရသည်။
04-Jul-2019
မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ကောက်ခံရခြင်းနှင့်ပတ်သက်၍ နေပြည်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်က အချက်သုံးချက်ကို ယနေ့ (ဇူလိုင် ၄ ရက်) ရှင်းလင်းပြောကြားလိုက်သည်။
04-Jul-2019
Brown Prinia (ငှက်လက်မမြီးရှည်ညို) ငှက်မျိုးစိတ်များကို ကမ္ဘာ့ငှက်ပညာရှင်များက ထပ်မံမျိုးခွဲ သုတေသနပြုခဲ့ရာ မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် Brown Prinia ငှက်မျိုးစိတ်ကို Burmese Prinia (Prina cooki) မျိုးစိတ်အဖြစ် မျိုးခွဲခဲ့ပြီး၊ ၄င်းငှက်မျိုးစိတ်ကို မြန်မာနိုင်ငံတစ်နိုင်ငံအတွင်း၌သာ တွေ့ရှိနိုင်သော မြန်မာ့ဇာတိရင်းမျိုးစိတ် (Myanmar Endemic) အဖြစ် သတ်မှတ်အတည်ပြုလိုက်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။
04-Jul-2019
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ဆိပ်ကမ်း အလုပ်သမားတစ်ဦးက အသက်ကိုးနှစ် အရွယ်ကလေးငယ်ကို ခိုးယူပေါင်းသင်းကာ သားမယားပြုကျင့်ရန် အားထုတ်ခဲ့သည့်အတွက် ဇူလိုင်လ ၂ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Jul-2019
ယူကေမှ ကင်ဆာသုတေသနအဖွဲ့အစည်းက ထုတ်ပြန်သောလေ့လာမှု အစီရင်ခံစာပါ တွေ့ရှိချက်များအရ အဝလွန်ခြင်းသည် ဆေးလိပ်သောက်ခြင်းထက် အချို့ကင်ဆာများကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
04-Jul-2019
တာဝန်နှင့် အခွင့်အရေးကို ဒွန်တွဲ (ပူးတွဲ) ကိုင်ထားနိုင်မှသာ မိမိတို့နိုင်ငံသည် တန်ဖိုးရှိသည့်နိုင်ငံတစ်ခုဖြစ်လာမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
03-Jul-2019
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ်၊ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်းပေါ်ရှိ တနင်္သာရီ တံတားသစ်ကို လာမည့် ၂၀၂၀ ပြည့်နှစ် မေလကုန်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
03-Jul-2019
ကုလသမဂ္ဂနှင့်ပတ်သက်သော လျှို့ဝှက်အမှုတွဲတစ်ရပ်တွင် ဖွင့်ချထားချက်အရ ကုလသမဂ္ဂမှ အကူအညီပေးရေးဆိုင်ရာ ဝန်ထမ်းများသည် လူပေါင်းခြောက်သောင်းခန့်ကို မုဒိမ်းပြုကျင့်ခဲ့ပြီး ကုလသမဂ္ဂတွင် ခန့်အပ်ထားသော အမှုထမ်း ၃၃၀၀ ဦးသည် ကလေးသူငယ်များအပေါ် လိင်စိတ်တိမ်းညွတ်နေသူများဖြစ်သည်ဟု ဗြိတိန်အခြေစိုက် Tabloid သတင်းစာဖြစ်သော The Sun က ရေးသားဖော်ပြသည်။
03-Jul-2019
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီများက စုံစမ်းဆွေးနွေးမှုများ လာရောက်ပြုလုပ်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
03-Jul-2019
မြေကျွံကျနိုင်မည့်အန္တရာယ်ရှိနေ သော ပုပ္ပားတောင်ကလပ်ကို ယခုအခါ စောင့်ကြည့်လေ့လာလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်က ပြောကြားသည်။
03-Jul-2019
စံသတ်မှတ်ချက် ၁၂ ချက်နှင့် ကိုက်ညီသောကျောင်းကားများ တင်သွင်းရန် YRTA ရုံးတွင် လာရောက်လျှောက်ထားသည့် ကားအစီးရေ ၅၅ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
03-Jul-2019
ဥရောပကော်မရှင်၏ အကြီးအကဲအဖြစ် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးကို ရွေးချယ်ခန့်အပ်ခဲ့ရာ ဂျာမနီကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်ကို ရွေးချယ်လိုက်သည်။
03-Jul-2019
လူမှုကွန်​ရက်​စာမျက်​နှာတွင်​ ရဲတပ်​ဖွဲ့၏ ဂုဏ်​သိက္ခာကို ကျဆင်း​အောင်​​ရေးသားခဲ့သည်​ဟုဆိုကာ ကျောက်​ဆည်​မြို့နယ်​၊ ကြက်​မင်းတွန်ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးအား ဇူလိုင်​လ ၂ ရက်​​နေ့က ဆက်​သွယ်​​ရေးဥပ​ဒေ ပုဒ်​မ ၆၆ ဃ ဖြင့်​ အမှုဖွင့်​အ​ရေးယူထား​ကြောင်း ​ကျောက်​ဆည်​မြို့မရဲစခန်းမှ သိရသည်။
03-Jul-2019
လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ အာဖရိကရွှေ့ပြောင်းများကို ယာယီထိန်းသိမ်းထားရာ စခန်း တိုက်ခိုက်ခံရသောကြောင့် ရွှေ့ပြောင်းဒုက္ခသည် ၄၀ သေဆုံးပြီး လူ ၈၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။