News

12-Nov-2018
တောင်သူများအနေနှင့် မိုးသီးနှံ စိုက်ပျိုးပြီးစီး၍ ဆောင်းသီးနှံအဖြစ် သီးထပ်စိုက်ပျိုးလိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့၊ မြို့နယ်အုပ်စု ချေးငွေစိစစ်ရေးထောက်ခံချက်များဖြင့် ချေးငွေရယူနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
12-Nov-2018
ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲတွင် အဂါရဝဖြစ်စေသည့် အဆို၊ အတီး၊ ကခုန်မှုများ မပြုကြရန် ၁၀၉ ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌက မေတ္တာရပ်ခံလိုက်သည်။
12-Nov-2018
ယူရိုငွေဖြင့်ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲများတွင် ကျောက်မျက်ရောင်းအားများ ကျဆင်းလာကြောင်း မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
12-Nov-2018
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့ မ အားကစားကွင်း၌ ကျင်းပရန်စီစဉ်ထားသည့် သကျမဟာ မြတ်မုနိဘုရားပွဲအကြို ဖျော်ဖြေရေးပွဲမှ စတိတ်စင်နှင့် ပွဲကြည့်ထိုင်ခုံများ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီခန့်အချိန်က မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
12-Nov-2018
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဟိန္ဒူလူမျိုးနွယ်စုအားလုံးမှ ကျင်းပပြုလုပ်သည့် ဒီပါဝလီပွဲတော်ကို ရန်ကုန်မြို့တော် ခန်းမအရှေ့တွင် နိုဝင်ဘာလ ၁၁ ရက်၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီပါဝလီပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
12-Nov-2018
မြန်မာနိုင်ငံသို့ ဧည့်သည်ပိုမိုဝင်ရောက်ရန် အာရှနိုင်ငံအချို့အား ဗီဇာဖြေလျှော့မှုများပြုလုပ်ထားသော်လည်း နိုဝင်ဘာလအတွင်း တစ်ရက်လျှင် ပျမ်းမျှခရီးသည်ဝင်ရောက်မှုမှာ ၃၀ ရာခိုင်နှုန်း (၃၀၀ ကျော်) လျှော့နည်းနေဆဲဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံဌာနခွဲ၏ စာရင်းများအရသိရသည်။
12-Nov-2018
နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ညှိနှိုင်းတိုင်ပင်ထားပြီးပြီဆိုသည့်သတင်း မဟုတ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၂ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
12-Nov-2018
မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၇၈ လမ်းထောင့်၌ ဖြစ်ခဲ့သော လူနှစ်ဦး သေဆုံးစေခဲ့သည့် ကားတိုက်မှုနှင့် ပတ်သက်၍ ယာဉ်ပိုင်ရှင်မိသားစုက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြန်ရှင်းခဲ့ကြသည်။
12-Nov-2018
ကုလသမဂ္ဂ (UNHCR) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့က ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး အဆင်သင့်မဖြစ်သေးကြောင်း ဝေဖန်မှုအချို့ရှိနေသော်လည်း နိုဝင်ဘာလ ၁၅ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီဒုက္ခသည်များကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
11-Nov-2018
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုကို တစ်လကျော်ကြာ ရပ်ဆိုင်းထားသည့်အတွက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအနေနှင့် ခုနစ်လအတွင်း တန်ချိန်ငါးသိန်းခန့် လျော့ကျသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
11-Nov-2018
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရုံးကို ၂၀၁၃ ခုနှစ်က ဆောက်လုပ်ခဲ့မှုတွင် အိုးဘိုတောင်ရပ်ကွက်နေ တောင်သူများ၏မြေယာများ ပါဝင်သွားသည့်အတွက် အစားထိုးပြန်ပေးရန် တိုင်းအစိုးရက စိစစ်နေဆဲဖြစ်ကြောင်း မုံရွာမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က ပြောကြားသည်။
11-Nov-2018
မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ်လူနာ ၂၅၀ ကို SCG ကုမ္ပဏီ၊ ထိုင်းနိုင်ငံရှိ Banphaeo ဆေးရုံကြီမှ ဆရာဝန်များနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံတို့မှ ဆရာဝန်များပူးပေါင်းကာ နိုဝင်ဘာလ ၁၁ ရက်နေ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။
11-Nov-2018
တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် အစည်းအဝေးများ ပြန်လည်စတင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က The Voice သတင်းစာသို့ ပြောကြားသည်။
11-Nov-2018
ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထော့ချလုံရပ်ကွက်ရှိ နေအိမ်တန်းလျားအခန်း နံပါတ် (၁၈) နေ တရားဝင် မြန်မာလုပ်သားအမျိုးသမီးတစ်ဦး သတ်ခံရပြီး ပြစ်မှု ကျူးလွန်သူကို ထိုင်းဥပဒေအရ တရားစွဲရန် ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးအောင်မင်းက ပြောကြားသည်။
11-Nov-2018
သီရိလင်္ကာသမ္မတ မေသရီပါလာ ဆီရီဆန်နာသည် နိုင်ငံရေးပြဿနာကို နက်ရှိုင်းစေမည့် လုပ်ရပ်တစ်ခုအဖြစ် သောကြာနေ့ညက လွှတ်တော်ကိုဖျက် သိမ်းလိုက်ပြီး ဇန်နဝါရီလ ၅ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။