07-Feb-2019
ရိုမန်ကက်သလစ် ဂိုဏ်းအုပ်များနှင့် ဘုန်းတော်ကြီးများက သီလရှင်များကို လိင်နှောင့်ယှက်မှုများ ကျူးလွန်ခဲ့ကြသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဖေဖော်ဝါရီလ ၆ ရက်တွင် ဝန်ခံပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
07-Feb-2019
မွန်ပြည်နယ်အတွင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က မော်လမြိုင်မြို့ မြို့ရှောင်လမ်းနှင့်မုဒုံမြို့ ထိန်းကုန်ရပ်ကွက်ရှိ ရော်ဘာအလုပ်ရုံတစ်ခုတို့ မီးလောင်ဖြစ်ခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
07-Feb-2019
မြန်မာ-တရုတ်ကုန်သွယ်ရေးတွင် ဘဏ်မှတစ်ဆင့် ငွေပေးချေခြင်းကို ယခုနှစ်အတွင်း ဗဟိုဘဏ်က စတင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။
07-Feb-2019
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ ပဲတင် သွင်းခွင့်ကန့်သတ်ပမာဏကို ကျော်လွန်နေပြီဖြစ်သည့်အတွက် ယင်းအစိုးရက ပဲတင်သွင်းခွင့်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ခွင့်မရနိုင်တော့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အိန္ဒိယစီးပွားရေး သံမှူးမှတင်ပို့သည့် အစီရင်ခံစာကို ကိုးကား၍ ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
07-Feb-2019
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အဆိုကို ဖေဖော်ဝါရီ ၆ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ရာ ဖွဲ့စည်းရေးအတွက် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များကို ဖိတ်ခေါ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်သည်။
06-Feb-2019
ကန်တော်ကြီးလူကူးတံတားကို ကျပ်သန်း ၁၄၀၀ ကျော်သုံး၍ ဆောက်လုပ်မည့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့၏အစီအစဉ်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ကကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်၌ ဝေဖန်ခံခဲ့ရ သည်။
06-Feb-2019
ရွှေပြည်သာမြို့နယ်၊ (၇/၉) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၅ ရက် ည ၇ နာရီခွဲက အပြင်မှနေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသားတစ်ဦးကို လူတစ်စုက ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့်ဝိုင်းရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
06-Feb-2019
ပလိပ်အင်းအတွင်း ဒေသရင်းငှက်မျိုးစိတ်များ၊ ဆောင်းခိုငှက်မျိုးစိတ်များကို သတ်ဖြတ်ခြင်းမှကာကွယ်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်နေပြီး ယင်းနောက်တွင် အရေးယူတော့မည်ဖြစ်ကြောင်း၊ သဘာဝဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းလင်းက ပြောကြသည်။
06-Feb-2019
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထု စိုက်ထူးခြင်းကိုအကြောင်းပြု၍ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကန့်ကွက်ဆန္ဒပြနေခြင်းသာဖြစ်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
06-Feb-2019
မန္တလေးစားသုံးသူဈေးကွက်အတွင်း မြေပဲဆီဈေးမှာ ယခင်နှစ်ကထက် တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော်ဈေးနှုန်း မြင့်တက်ကြောင်း မန္တလေးမြို့ရှိ ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။
06-Feb-2019
ပုဂံရှေးဟောင်းအဆောက်အအုံများ တည်ရှိရာဇုန် (MZ) အတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ရှေးဟောင်းအဆောက်အအုံများကို ကွင်းဆင်း၍ စစ်တမ်းကောက်ယူနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
06-Feb-2019
ပြည်တွင်း၌ အသေးစားငွေချေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသော စင်ကာပူအခြေစိုက် Hayman အသေးစား ချေးငွေကုမ္ပဏီက ဆွစ်ဇာလန်နိုင်ငံ၏ လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Symbiotics SA ထံမှ အမေရိကန်ဒေါ်လာ နှစ်သန်း ချေးငွေရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။
06-Feb-2019
ကုမ္ပဏီများက ပြည်ပတင်ပို့သည့် ကျွဲ၊ နွားများတွင် အမများနှင့် သင်းကွပ်ခြင်းမပြုရသေးသည့် ကျွဲ/ နွားသိုးများ ရောနှောပါဝင်နေသောကြောင့် ကျွဲ၊ နွားအမနှင့် သင်းကွပ်ခြင်းမပြုရသေးသည့် ကျွဲ/ နွားသိုးများ တင်ပို့ခွင့်မပြုကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတိပေးစာ ထုတ်ပြန်လိုက်သည်။
06-Feb-2019
ကမ္ဘာ့အမွေနှစ်စာရင်းဝင်ဒေသ သရေခေတ္တရာမြို့ဟောင်းနှင့် မိုင် ၅၀ ပတ်လည်တွင်ပါဝင်သည့် သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့ ကိုယ်ကြီးမြုပ်ကျေးရွာ ရှိသုတေသနပြုကုန်းအမှတ် KGM-1 တွင် သုံးပန်းလှမင်းသမီးဂူရှာဖွေရေး လုပ်ငန်းစတင်သည့်အနေနှင့် သုတေသနပြုတူးဖော်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။
06-Feb-2019
သတင်းထောက်အမည်ခံထားသူများက ငွေကြေးလိမ်လည်တောင်းယူမှုများရှိနေသည့်အတွက် သတင်းထောက် ဟုတ်၊ မဟုတ် စိစစ်ရန်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။