News

01-Oct-2016
ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ် မြစ်ကြီးနားမြို့ မြို့လယ်ကောင်၌ စက်တင်ဘာ ၂၉ရက်နေ့ နံနက် ၁၀နာရီက အမည်မသိ လူနှစ်ဦးက လုယူသွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးက ပြောကြားသည်။
01-Oct-2016
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အေးသာယာရပ်ကွက် ဘုရားလေးကုန်းကျေးရွာ လယ်ကွက်အတွင်းရှိ ကြက်ခြံများမှ ယင်ကောင်နှင့် အနံ့ဆိုးများ ထိန်းချုပ်ရန် သတိပေးထားပြီး စောင့်ကြည့်ကာလ လွန်ပါက အရေးယူသွားမည် ဖြစ်ကြောင်း ရေတာရှည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကြည်လင်က ပြောကြားသည်။
01-Oct-2016
မန္တလေး တိုင်းဒေသကြီး မြင်းခြံဒေသတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ စီမံကိန်းအတွက် အာရှအခြေခံ အဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က အမေရိကန် ဒေါ်လာ သန်း ၂ဝ ချေးပေးမည်
01-Oct-2016
ဧရာဝတီတိုင်းဒေသကြီး၊ ပြင်စလူမြို့ရှိ အမှတ်(၆၃) ခြေလျင်တပ်ရင်းတွင် အိမ်သာရေ ဖြည့်ခိုင်းသည့်ကိစ္စအား မကျေနပ်သဖြင့် တပ်ခွဲ တပ်ကြပ်ကြီး တစ်ဦးကို တပ်သားက ထင်းခွဲ ဓါးမဖြင့် အချက်ပေါင်း များစွာ ခုတ်သတ်ခဲ့ကြောင်း ပြင်စလူ နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
01-Oct-2016
ကဗျာများ ရွတ်ဆို သင်ကြားရာတွင် အသံ ကောင်းမွန်သောကြောင့် လူမှုကွန်ရက်တွင် နာမည် ကြီးနေသည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆု ပေးမည်
01-Oct-2016
သုံးလကျော် ရပ်နားထားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို စက်တင်ဘာလ ၂၉ ရက်နေ့က ပြန်လည် စတင်ကြောင်း လွှတ်တော် အစီအစဉ်များအရ သိရသည်။
01-Oct-2016
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ဖျက်သိမ်းရေးကိစ္စ အပါအဝင် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု(MDCF) အဖွဲ့မှ ဦးထင်ကျော်(ခ) ကျော်ထင်နှင့်အဖွဲ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့တွင် ဆန္ဒ ထုတ်ဖော်သည်။
01-Oct-2016
ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်းမှာ ယခုနှစ် သြဂုတ်လ နှောင်းပိုင်းမှ စတင်ကာ တရိပ်ရိပ် မြင့်တက်လာပြီး စက်တင်ဘာလ တစ်လအတွင်း ငွေလဲနှုန်း ၄၅ ကျပ် မြင့်တက်သွားကြောင်း ပြည်တွင်း ငွေကြေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။
01-Oct-2016
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဝင်ငွေ မြင့်မားလာစေရေး စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဗြိတိန်က မြန်မာနိုင်ငံကို စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဌာန (DFID) က ထုတ်ပြန် ကြေညာသည်။
30-Sep-2016
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ကိုယ်စားလှယ် Ms. Sarah Fox သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
30-Sep-2016
ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အသိုင်း အဝိုင်းကြားတွင် အမုန်းတရားများ၊ သည်းမခံနိုင်မှုများ၊ အစွန်းရောက်မှုများကို ဆန့်ကျင် လိုစိတ် အခိုင်အမာ ဖြစ်ပေါ်လာအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
30-Sep-2016
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ (Yangon Heritage Trust-YHT) ၏ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ ထွက်ပေါ်လာပြီး ရေတိုရေရှည် စီမံကိန်းများနှင့်အတူ ပြင်ဆင် အသုံးပြုနိုင်မည့် အဆောက်အအုံ ၁၁ လုံးကို ယင်းမဟာဗျူဟာတွင် ထည့်သွင်း ဖော်ပြထားသည်။
30-Sep-2016
ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ဒုက္ခသည် ၉၇,ဝဝဝ ကျော်မှာ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်
30-Sep-2016
မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရကို အကျပ် ရိုက်စေမည့် မေးခွန်းမျိုး မဖြစ်စေရန် ထိန်းကျောင်းနေရကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။
30-Sep-2016
အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံအပေါ် ပြန်လည်ပေးအပ်မည့် ကုန်သွယ် ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (Generalized System of Preference-GSP) ကို မြန်မာ့အထည်ချုပ် ကုန်စည်များ ခံစားခွင့် မရ၍ တင်ပို့မှု သိသာစွာ မတိုးနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြား