News

08-Aug-2019
အိမ်အသစ်ဆောက်ပေးမည့်အပြင် ထိုင်းဘတ်ငွေခုနစ်သောင်းရမည်ဟု ၁၅ နှစ်အရွယ် အမျိုးသမီးကိုစည်းရုံးကာ တရုတ်အမျိုးသားထံ ရောင်းစားခံသူ အမျိုးသမီးသုံးဦးနှင့် တရုတ်အမျိုးသားကို သြဂုတ် ၇ ရက်၊ ည ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဆီးထားသည်။
08-Aug-2019
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ၁၀ မိုင်ကျေးရွာ နေအိမ်တစ်အိမ်တွင် အနုကြမ်းဝင်စီးပြီး မီးခံသေတ္တာထဲရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်သွားသော အမျိုးသားအား ဩဂုတ် ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Aug-2019
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘောင်ဝရွာအနီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဘောင်ဝကျေးရွာမှ ရွာသား ၂၀၀ ကျော်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန (ပလက်ဝမြို့) ရုံးမှ သိရသည်။
08-Aug-2019
မြန်မာအစိုးရ၏ ပြည်တွင်းပြည်ပကြွေးများကို နောင်နှစ်ပေါင်း ၄၀ ကျော် အထိ ဆက်တိုက်ဆပ်သွားရမည့် အခြေအနေရှိနေကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ယင်းနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြသည့် အချက်အလက်များတွင် တွေ့ရသည်။
08-Aug-2019
မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်သောကြောင့် ဇူလိုင်လ ကုန်ပိုင်းမှစ၍ ဩဂုတ်လ ၂ရက်ထိ ကောက်ယူထားသောစာရင်းများအရ တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းပေါင်း ၈၀၀ ကျော် ယာယီပိတ်ထားရကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။
07-Aug-2019
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားမှုများတွင် ရန်ကုန်တိုင်းက အများဆုံးဖြစ်ကြောင်း ကော်မရှင် ညွန်ကြားရေးမှူး ဒေါက်တာဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
07-Aug-2019
၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းများကို အိမ်ထောင်စုအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
07-Aug-2019
မြန်မာနိုင်ငံမှ ပို့ကုန်များကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
07-Aug-2019
City Taxi မှတ်ပုံတင်ပြုလုပ်ရန်နှင့် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်များမှတ်ပုံတင်ခြင်းကို ပြန်လည်ဆောင်ရွက်ပေးရာ လက်ရှိအချိန်ထိ City Taxi အစီးရေ ၁၆၀၀ ကျော် လာရောက်ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။
07-Aug-2019
ရေနံတွင်းတူးဖော်ရာတွင် ရေကာသည့်အမှုန့်အနေနှင့် အသုံးပြုသည့် မြေဖယောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ စဖိုကြီးရေတံခွန်ဒေသမှ ထုတ်လုပ်ရန်စီစဉ်နေမှုကို သဘောမတူဘဲ ကန့်ကွက်ကြောင်း ဒေသခံများနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
07-Aug-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားအသည်းရောင်အသားဝါ ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်သည် အသည်းရောင်အသားဝါ (စီ) ပိုး ရောဂါလူနာ ငါးထောင်ခန့်ကို အခမဲ့ ကုသမှုပေးခဲ့ရာ ရောဂါကုသမှုခံယူပြီး လူနာများ၏ကုထုံးအောင်မြင်မှုနှုန်းသည် ၉၀ မှ ၉၁ ရာခိုင်နှုန်းရှိသောကြောင့် ရလဒ်ကောင်းမွန်ကြောင်း
07-Aug-2019
အမေရိကန်ပြည်သူများအနေနှင့် အမုန်းစကားပြောသည့် ခေါင်းဆောင် သို့မဟုတ် လူမျိုးရေးနှင့် အသားအရောင် ခွဲခြားမှုကို သာမန်ညောင်ညကိစ္စသဖွယ် ဖြစ်အောင် ပြောဆိုသည့် ခေါင်းဆောင်မှန်သမျှကို ဆန့်ကျင်ကန့်ကွက်သွားကြရန် သမ္မတဟောင်း ဘားရက်အိုဘားမားက တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
07-Aug-2019
ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိခဲ့ပြီးသုံးရက်ခန့်အကြာ သြဂုတ် ၇ ရက်တွင် လူ ၅၀၀ ကျော် ရေဘေးသင့်ပြီး ကယ်ဆယ်ရေးစခန်းသုံးခု စတင်ဖွင့်လှစ်ထားရကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်က ပြောကြားသည်။
07-Aug-2019
အနောက်အာဖရိကနိုင်ငံများတွင် ကပ်ရောဂါအသွင် ပြန်လည်ခေါင်းထောင်လာသော အီဘိုလာရောဂါ ပြန့်ပွါးမှုကို ထိန်းချုပ်ရန်အတွက် ရဝမ်ဒါနှင့် ကွန်ဂိုနယ်စပ်ဒေသများကို တင်းကျပ်စွာ ထိန်းချုပ်စောင့်ကြည့်မှုများ ဆောင်ရွက်နေလျက်ရှိသည်။
07-Aug-2019
ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းရွာနှင့်ကန်သာရွာအဓိကရုဏ်းမှ သေဆုံးခဲ့သူများအနက် ၃ ဦးကို သေမှုသေခင်းဖွင့်ထားရာမှ ဆေးစာဖော်ပြချက်အရ သြဂုတ် ၇ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။