News

04-Jul-2019
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကို တိုးမြှင့်သတ်မှတ်ရန် စိစစ်နေကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။
04-Jul-2019
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ဒုက္ခသည်များနှင့်ပတ်သက်၍ အစိုးရအနေနှင့် တာဝန်ယူနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်ကြောင်း အမေရိကန်လွှတ်တော်အမတ် Mr. Brad Sherman ၏ပြောဆိုချက်အပေါ် ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းအသီးသီးက ကန့်ကွက်သည့် ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်။
04-Jul-2019
ဟင်္သာတမြို့ ညောင်ပင်ရပ် ရွှေဝါထွန်းလမ်းတွင် တည်ဆောက်ဖွင့်လှစ်ထားသည့် ဦးကြင်အေး မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာတွင် ကလေးငယ် ၁၅၀ ဦးအထိ လက်ခံစောင့်ရှောက်၍ ပညာသင်ကြားပေးမည်ဖြစ်ကြောင်း အသက် ၉၁ နှစ်အရွယ် အလှူရှင် ဦးကြင်အေးက ပြောကြားသည်။
04-Jul-2019
မြန်မာ- အိန္ဒိယနယ်စပ်တွင် အိန္ဒိယဘက်က ကားလမ်းဖောက်လုပ်နေမှုမှာ မြန်မာဘက်ခြမ်း နယ်နိမိတ်အတွင်းသို့ ကျော်လွန်နေသည်ဟု ဒေသခံများ၏အဆိုအရ သိရှိရသဖြင့် သွားရောက်စစ်ဆေးနေပြီး နယ်နိမိတ်ကျော်လွန်ပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။
04-Jul-2019
တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အလိုက် ရမှတ်စာရင်းများ ပြန်စစ်ပေးရန် ကျောင်းသား ၅၀၀ ကျော်လျှောက်ထားကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
04-Jul-2019
ဟောင်ကောင်တွင် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများနှင့်ပတ်သက်၍ သံတမန်ရေးရာတင်းမာမှု ရှိလာခဲ့ပြီးနောက် ပြည်တွင်းရေးကိုဝင်မစွက်ရန် တရုတ်က ဗြိတိန်ကိုသတိပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
04-Jul-2019
အမေရိကန်ပြည်ထောင်စုသည် ရန်စပြုမူများကို တစ်ဇောက်ကန်းလုပ်နေသည့်နိုင်ငံဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
04-Jul-2019
ကျောင်းကားစီးနင်းရာတွင် လုံခြုံရေးအတွက် အတက်အဆင်းပြုလုပ်နိုင်မည့် စမတ်ကတ်ကို ကျောင်းသားကျောင်းသူများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်ကပြောသည်။
04-Jul-2019
လျှပ်စစ်မီတာခနှုန်းထားများကို ဇူလိုင်လမှစတင်၍ တိုးမြှင့်ကောက်ခံလိုက်သောကြောင့် ဆန်နှင့် ဆန်ကွဲတစ်အိတ် ကြိတ်ခွဲခဈေးနှုန်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ကျပ် ၁၃၀၀ မှ ၁၅၀၀ အထိ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း (ပုသိမ်) ထံမှ သိရသည်။
04-Jul-2019
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များကို ရှောင်တခင် စစ်ဆေးရာတွင် အရည်အသွေးမပြည့်မီသည့် ဆီဆိုင်များရှိနေပြီး အရည်အသွေး မပြည့်မီသည့် ဆီ အမျိုးအစားအလိုက် ဒဏ်ရိုက်အရေးယူလျက်ရှိကြောင်း မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီထံမှ သိရသည်။
04-Jul-2019
ကျောက်ဆည်မြို့၊ ရွှေသာလျောင်း တောင်ပေါ်တွင် ချိန်းတွေ့သည့် သမီးရည်းစားနှစ်ဦးထံမှ ဖုန်းနှစ်လုံးနှင့် ဆွဲကြိုးလုယူသွားသူ လေးဦးကို ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းထံမှ သိရသည်။
04-Jul-2019
မြန်မာဘုရင်များ နောက်ဆုံး နန်းစံခဲ့ရာ မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
04-Jul-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် INGO/NGO များအတွက် ကန်ဒေါ်လာ ၂၁၅ သန်းကို ပြည်ပအဖွဲ့အစည်းဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund) က ပံ့ပိုးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
04-Jul-2019
ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းမှ ယာဉ်မောင်းကို မှုခင်းရဲတပ်ဖွဲ့(CID) က စစ်ဆေးပေါ်ပေါက်ခဲ့သည့် အချက်သုံးချက်ကြောင့် ဒက္ခိဏခရိုင် တရားရုံးတွင် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲတင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးမှ The Voice သို့ ပြောကြားသည်။