News

15-Apr-2019
ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု မြေလုံးတောင်ကျေးရွာရှိ ရှောပြာချောင်းအတွင်း သင်္ကြန်ရေကစားရင်း ရေဆင်းကူးသည့် လေးတန်းကျောင်းသားတစ်ဦး ဧပြီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
15-Apr-2019
ဆူဒန်အာဏာသိမ်း စစ်ကောင်စီသည် ယခင်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော အစိုးရအဖွဲ့ဝင်ဟောင်းများကို စတင် ဖမ်းဆီးနေပြီဖြစ်ပြီး နိုင်ငံရေး အတိုက်အခံ အင်အားစုများကိုလည်း ၀န်ကြီးချုပ်သစ်တစ်ဦး ရွေးကောက်တင်မြှောက်ရန်အတွက် စီစဉ်ရန်ရှိသည်တို့ကို စီစဉ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
15-Apr-2019
နီပေါနိုင်ငံရှိ လပ်ခ်လာလေယာဉ်ကွင်းတွင် ခရီးစဉ်ထွက်ခွာမည့် လေယာဉ်တစ်စင်းက ပြေးလမ်းဂိတ်ပေါက်ဝတွင် ရပ်ထားသော ရဟတ်ယာဉ်တစ်စီးကို ၀င်တိုက်ခဲ့မိသည့်အတွက် လူသုံးဦး အသက်ဆုံးရှုံးသွားခဲ့ရကြောင်း BBC က ဖော်ပြထားသည်။
15-Apr-2019
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ သရက်ချဉ်ကုန်းကျေးရွာတွင် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်) ညနေ ၅ နာရီခန့်က အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို သင်္ကြန် ရေကစားသည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်က ရိုက်နှက်ဆုံးမရာမှ သေဆုံးခဲ့ကြောင်း အုတ်တွင်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
14-Apr-2019
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းရွာတွင် ဧပြီလ (၁၃)ရက်နေ့ နေ့လယ်ပိုင်းက လောင်ကျွမ်းသည့် မီးကြောင့် နေအိမ် (၃၂) လုံး ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။
14-Apr-2019
ထိုင်းနိုင်ငံ ဆောင်ခလာဘူရီခရိုင်မှာရှိတဲ့ မွန်လူမျိုးတွေဟာ ထိုင်းနှစ်သစ်ကူး ဆောင်ခရန်ရေသဘင်ပွဲကို မွန်ထုံးတမ်းစဉ်လာ ဓလေ့ရိုးရာတွေနဲ့ သူတို့နေထိုင်ရာ နေရာတွေမှာ ကျင်းပသွားခဲ့ပါတယ်။ ထိုင်း-မြန်မာ နယ်စပ် ကန်ချနာဘူရီ စီရင်စုခရိုင်မှာပါဝင်တဲ့ ဆောင်ခလာဘူရီခရိုင်မှာ မွန်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာလေးတစ်ရွာရှိပြီး အဲ့ဒီရွာကလေးမှာ ဆောင်ခရန် ရေသဘင်ပွဲကို မွန်ဓလေ့ရိုးရာနဲ့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
14-Apr-2019
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အများအပြား၌ အကြိုနေ့က အသားတိုးကြက်အရှင်ဈေးနှုန်းများ မြင့်တက်လာကြောင်း ယင်းတိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
14-Apr-2019
မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ ယောချောင်းတွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကို ယနေ့ (ဧပြီလ ၁၃ ရက်) ညနေ ၅ နာရီအချိန်က စတင် ဖွင့်လှစ်ကျင်းပသည်။
13-Apr-2019
ရှေးဟောင်းသုတေသနပညာရှင်များသည် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားကြရာ၌ ရှေးဟောင်းအမွေအနှစ်များရှိရာ မြောက်ဦးမြို့ကို ထိခိုက်မှုများ မဖြစ်စေရန် လိုလားလျက်ရှိကြောင်း သိရသည်။
13-Apr-2019
တောင်ကိုရီးယား အခြေခံဥပဒေ တရားရုံးတော်သည် ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသော ဥပဒေကို လာမည့် ၂၀၂၀ ပြည့်နှစ်ကစ၍ဖျက်သိမ်းရန် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။
13-Apr-2019
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အုံမြားကြီးကျေးရွာအုပ်စု အုံမြားရွာသစ်ကျေးရွာတွင် ဧပြီလ ၁၃ ရက် နေ့လယ်ပိုင်းက ထမင်းအိုးနှပ်ထားရာမှ အနီးထရံကာကို မီးကူးစက်လောင်ကျွမ်း၍ နေအိမ်လေးလုံးနှင့် နွားတင်းကုပ် သုံးလုံး မီးလောင်ခဲ့ကြောင်း ယင်းမြို့နယ် မီးသတ်တပ်ဦးစီးဌာနထံမှ သိရသည်။
13-Apr-2019
ဆူဒန်ကာကွယ်ရေးဝန်ကြီးချုပ် အေ၀တ်အဘင်အပ်ဖ်သည် အာဏာသိမ်းပြီး တစ်ရက်အကြာတွင် စစ်ဦးစီးချုပ် ရာထူးမှနေ၍ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
13-Apr-2019
ယူကေ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) ၏ လုပ်ငန်းအစီအစဉ် တစ်ခုဖြစ်သည့် Dana Facility နှင့် ICCO ကော်ပိုရေးရှင်း၊ ဖန်တီးရာတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်း ဂေဟစနစ် စီမံကိန်းအသစ် နှစ်ခုတွင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Dana Facility ထံမှ သိရသည်။
13-Apr-2019
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းကြီးအုပ်စု သီးပင်ကျေးရွာတွင် ဧပြီလ ၁၂ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က သားအဖနှစ်ဦး စကားများရန်ဖြစ်ရာမှ သားဖြစ်သူက ဖခင်အား ဓားမြှောင်ဖြင့် နှစ်ချက်ထိုး၍ ဖခင်ဖြစ်သူ နေရာတွင် သေဆုံးကြောင်း မြို့သစ် မြို့မရဲစခန်းထံမှ သိရသည်။
12-Apr-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာတွင် ဧပြီလ ၁၁ ရက် ည ၈ နာရီခန့်က ထမင်းဟင်းချက်ပြုတ်ရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။