News

19-Jul-2019
ထားဝယ်ဒေသတွင် ယခုလအတွင်း H1N1 ရောဂါပိုးတွေ့သူ နှစ်ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တိုးချဲ့ကာကွယ်ဆေး/ကူးစက်ရောဂါနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။
19-Jul-2019
ရာသီတုပ်ကွေးရောဂါ (H1N1) ကြောင့် သေဆုံးသူ ၆၂ ဦးအထိ ရှိလာသည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားပြီး ယခုအခြေ အနေမှာ စိုးရိမ်စရာမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
19-Jul-2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ တောင်စွန်းဆရာတော် အရှင်ဝီရိယ (ဓမ္မဘေရီ) အမှူးပြုသော ဆရာတော် သံဃာတော် ၁၅ ပါးကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
19-Jul-2019
အမေရိကန်တရားရုံးက မက္ကဆီကန် မူးယစ်ရာဇာ အယ်လ်ချာပိုကို ထောင်ဒဏ် တစ်သက်နှင့် အပိုနှစ်သုံးဆယ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။
19-Jul-2019
ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ပြုလုပ်သော (၇၂) နှစ်မြောက် အာဇာနည်နေ့သို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့ရာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးတက်ရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဖြစ်ခဲ့သည်။
19-Jul-2019
ဩစတြေးလျနိုင်ငံသား ဖခင်၏ လူသိရှင်ကြား မေတ္တာရပ်ခံချက် ထွက်ပေါ်လာပြီးနောက်တွင် အူဂါလူမျိုးသားအမိအား ထွက်ခွာခွင့်ပြုရန် ဩစတြေးလျအစိုးရက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြသည်။
18-Jul-2019
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲအုပ်ထွန်းလင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုထားရာတွင် ဇူလိုင်လ ၁၈ ရက်နေ့က တိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးကို စစ်ဆေးခဲ့ကြောင်း ယင်းမြို့နယ်တရားရုံးထံမှ သိရသည်။
18-Jul-2019
မြန်မာနိုင်ငံအနှံ့ရှိ ခွေးလေ၊ ခွေးလွင့်များ၏မျိုးပွားနှုန်းသည် ချိန်ကိုက်ဗုံးကြီးသဖွယ် ကြောက်စရာကောင်းသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။
18-Jul-2019
ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် ဟောပြောပွဲကို MyLiv ဖောင်ဒေးရှင်းမှဦးဆောင်၍ ညောင်ဦးမြို့၊ အနော်ရထာခန်းမ၌ ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှသိရသည်။
18-Jul-2019
မ​ကွေးတိုင်း​ဒေသကြီးအတွင်း ရာသီတုပ်ကွေး H1N1 သံသရှိသူ (၁၉)ဦးကို ဓာတ်​ခွဲစစ်​​ဆေးရာ (၉) ဦး ​တွေ့ရှိ​ကြောင်း အတည်ပြုထားပြီး တစ်​ဦး​သေဆုံးကြောင်း မ​ကွေးတိုင်း​ဒေသကြီး ပြည့်​သူ့ကျန်းမာ​ရေးဦးစီးဌာနထံမှ သိရသည်​။
18-Jul-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပန်းခြံစုဗဟိုလမ်းတွင် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီခွဲက ရှစ်တန်းကျောင်းသား နှစ်ဦး စကားများရန်ဖြစ်ရာမှ ကျောင်းပြင်ပတွင် ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Jul-2019
ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင် animation စတူဒီယိုတစ်ခု ရှို့မီးဟု သံသယဖြစ်ဖွယ် မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၃ ဦးသေဆုံးသွားခဲ့ရသည်။
18-Jul-2019
မ​ကွေးမြို့တွင်​ သောက်သုံးရေအတွက် တရားမဝင်​​ ရေငုတ်​သွယ်​ယူ​နေသူများကို စစ်​​ဆေးကာ ဒဏ်​ငွေရိုက်မည်​ဖြစ်​ကာ ဒဏ်​​ငွေမဆောင်​ပါက တရားစွဲဆိုသွားမည်​ဖြစ်ကြောင်း ယင်းမြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီအဖွဲ့ ဥက္ကဌ ဦးဖိုးနီက ​ပြောကြားသည်​။
18-Jul-2019
တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်တွင် ဇူလိုင် ၁၇ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Jul-2019
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှုအား သြဂုတ်လအတွင်း အပြီးသတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။