News

POST TYPE

NEWS

Apple WWDC 2017 အပိုင်း ၂ (၁၀ ဒသမ ၅ လက်မ iPad Pro၊ MacOS High Sierra နဲ့ WatchOS 4)
06-Jun-2017

iPad Pro များ

အက်ပဲလ်က မူလ ၉ ဒသမ ၇ လက်မ ဖန်သားပြင်ပါတဲ့ သင်ပုန်းကွန်ပျူတာ ကိုယ်ထည်ထဲမှာ ၁၀ ဒသမ ၅ လက်မ ဖန်သားပြင်ကို ဝင်အောင်ထည့်လိုက်တဲ့ မိုဒယ်သစ် နောက်တစ်မျိုးပါ မိတ်ဆက်ပါတယ်။ ဘေးဘောင်တွေ ပိုသေးသွားတာပေါ့။ ပြီးတော့ ၁၂ ဒသမ ၉ လက်မ ဖန်သားပြင်နဲ့ ပိုကြီးတဲ့ iPad Pro ရယ် နှစ်မျိုးပေါ့။

iPad Pros တွေ နှစ်ခုစလုံး True Tone, DCI-P3 gamut, 600 nit တောက်ပမှုနဲ့ အရောင်ပြန်မှု အနိမ့်ဆုံးဖြစ်အောင် ဖန်တီးထားတာကြောင့် ရုပ်ထွက်ပိုကောင်းလာပါတယ်။ refresh rate ကိုလည် 120Hz အထိ တင်လိုက်နိုင်ပါတယ်။ Apple Pencil နဲ့ ရေးလို့ ထင်တဲ့ အချက်အလက် ပေးပို့မှုနှုန်းက ၂၀ မီလီစက္ကန့်ပဲ ကြာပါတော့တယ်။ ပိုလည်းမြန်လာပါတယ်။ 12 core GPU, six core CPU ပေါင်းစပ်ထားတဲ့ A10X ချစ်ပ်နဲပပေါ့။ ကင်မရာကလည်း ပိုကောင်းလာပြီး 4K ရိုက်လို့ရသလို USB-C နဲ့ အမြန်အားသွင်းစနစ် ပါလာပါတယ်။ နှစ်ခုစလုံးက Memory 64 GB နဲ့ စပြီး ၁၀ ဒသမ ၅ လက်မအတွက် ဒေါ်လာ ၆၅၀၊ ၁၂ ဒသမ ၉ လက်မအတွက် ဒေါ်လာ ၈၀၀ နဲ့ စပါတယ်။ လာမဲ့အပတ်မှာ စရောင်းမှာ ဖြစ်ပါတယ်။

iOS 11 မှာ iPad အတွက် ရည်ရွယ်တဲ့ စွမ်းဆောင်ရည်သစ်တွေ ပါလာမှာပါ။ အောက်ကနေ ဆွဲတင်လိုက်ရင် အက်ပလီကေးရှင်းတွေ ပြောင်းတာ၊ ဆွဲတင်ဆွဲချလုပ်တာတွေ လုပ်လို့ လွယ်ကူသွားစေပါတယ်။ File app အသစ်ကလည်း ကွန်ပျူတာစတိုင် ဖိုင်တွေကို သိုမှီးထိန်းသိမ်းလို့ လွယ်သွားစေပြီးတစ်ခြား storage provider တွေနဲ့ပါ ချိတ်လို့ရမှာပါ။ Apple Pencil နဲ့ သုံးလို့ရတဲ့ စွမ်းဆောင်ရည်သစ်တွေနဲ့ လက်ရေးကို စာအဖြစ် ပြောင်းနိုင်တာတွေ ပါလာပါတယ်။

MacOS High Sierra

မက်ကင်းတော့ရှ် ကွန်ပျူတာများရဲ့ မောင်းနှင်စနစ် MacOS ကတော့ အကြီးစား မွမ်းမံမှု မရှိပါဘူး။ ဒါကြောင့်လဲ Sierra ကနေ High Sierra လို့ပဲ နည်းနည်းပြောင်းသွားတာပါ။ ဒါပေမဲ့ အဲဒီမွမ်းမံမှုတွေက စွမ်းဆောင်ရည်ပိုင်းကို အာရုံစိုက်ထားတာ ဖြစ်တဲ့အတွက် အမြင်ထက် အသုံးတည့်မှု အရတော့ သိသိသာသာ ပိုကောင်းလာဖု့ိ ရှိပါတယ်။

Safari – ငြိမ်းချမ်းအေးဆေးတဲ့ browsing အတွေ့အကြုံရစေမယ်လို့ မိတ်ဆက်သွားပါတယ်။ ဆိုလိုတာက ပိုမြန်လာမယ်၊ ဗီဒီယိုတွေ autoplay တာ ပိတ်လို့ရလာမယ်၊ တစ်ခြားလုံခြုံရေးပိုင်းတွေ ပိုကောင်းလာမယ်ပေါ့။

Mail - မေးလ်ပို့တဲ့ Window ကို split view လုပ်လို့ ရလာပါတယ်။

Photos = ဓာတ်ပုံတွေ သိမ်းတဲ့၊ တည်းဖြတ်တဲ့ စနစ်သစ်တွေ ပါလာပြီး မျက်နှာသိမှတ်မှုစနစ် ပိုကောင်းလာတယ်၊ စက်တွေအားလုံးမှာ synchronization လုပ်လို့ရလာတယ်။

ဖိုင်စနစ် - မွမ်းမံသင့်တာကြာပြီ ဖြစ်တဲ့ ဖိုင်စနစ်ကိုလည်း အာရုံစိုက်ခဲ့ပြီး ပိုခေတ်မီတဲ့ APFS စနစ်က ပုံသေဖြစ်သွားပါတယ်။

ဗီဒီယို - H.265 ဗီဒီယိုစနစ်အတွက် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲပိုင်း အထောက်အကူ လုပ်ပေးထားပါတယ်။

ဂရက်ဖစ်- Acceleration architecture ဖြစ်တဲ့ Metal 2 က စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာစေသလို Macbooks တွေအတွက် Thunderbolt 3 အပေါက်နဲ့ ဂရက်ဖစ်ကတ် အတွက်ရော အထောက်အပံ့ပေးမှာ ဖြစ်သလို VR အတွက်ပါ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

WatchOS 4

အက်ပဲလ်နာရီအတွက် မောင်းနှင်စနစ် WatchOS ရဲ့ စတုတ္ထမျိုးဆက်မှာ အသစ်ပါလာတာတွေကတော့ မျက်နှာပြင်သစ် - Siri မျက်နှာပြင်၊ ကိုယ့်မျက်နှာကို အခြေခံထားတဲ့ ရုပ်စံမှန်ပြောင်းမျက်နှာပြင်၊ Toy Story ဇာတ်ကောင်တွေရဲ့ ပုံတွေ ပါလာသလို Notification တွေပြတဲ့ စနစ်သစ်လည်း ပါလာပါတယ်။

Fitness = လှုပ်ရှားမှု အာရုံခံစနစ်မှာ လစဉ် စိန်ခေါ်မှုတွေ ပါလာသလို ပုံစံပြောင်းသွားပြီး Workout အက်ပလီကေးရှင်းမှာ လေ့ကျင့်ခန်းအသစ်တွေ ပါလာပါတယ်။ gym က ပစ္စည်းတွေနဲ့ အချက်အလက် ဖလှယ်တဲ့ စနစ်တွေ ဘာတွေလည်း ပါလာပါတယ်။

Music = Apple Music နဲ့ ပေါင်းစပ်ပြီး ကိုယ့်အကြိုက်တွေကို နာရီကို သိအောင် feedback ပေးလာနိုင်ပါတယ်။ ဒေါင်လိုက် ဆွဲတင်ဆွဲချလုပ်လို့ရတဲ့ မျက်နှာပြင် ဖြစ်လာပါတယ်။

Apple WWDC 2017 အပိုင်း ၁ (Home Pod, iOS 11, Macbook နဲ့ iMac အသစ်များ >>>