News

POST TYPE

NEWS

ကျပ် ၅၀၀ တန်ထီတွင် အက္ခရာ အလုံး ၅၀ ထုတ်ရောင်းမည်
25-Apr-2017
နေပြည်တော်၊ ဧပြီ ၂၄

ကျပ် ၅၀၀ တန်ထီကို လာမည် ဇူလိုင်လမှ စတင်၍ အက္ခရာအလုံး ၅၀ အထိ တိုးမြှင့်ရောင်းချမည်ဟု ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

နေပြည်တော်တွင် ဧပြီလ ၂၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု ဝန်ကြီးဌာန ၃ ခု၏ သတင်းစာရှင်လင်းပွဲတွင် ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့၏ လမ်းညွန်မှုအရ ကျပ် ၅၀၀ တန်ထီတွင် ကျပ်သိန်းတစ်သောင်းဆုကို ဦးတည်ထားပြီး မူလကျပ်သိန်းပေါင်း ၅၀၀၀ ဆုတစ်ဆုအစား ကျပ်သိန်ပေါင်း ၅၀၀၀ဆု နှစ်ဆုနှင့် ကျပ်သိန်းပေါင်း ၃၀၀၀ ဆု ၅ ဆုကို တိုးပေးရန် ရှိသဖြင့် အက္ခရာအလုံး ၅၀ အထိ ထုတ်ရောင်းခြင်း ဖြစ်သည်ဟု ရှင်းပြသည်။

“လက်ရှိဆုမဲအရေအတွက်ထက် ပိုများလာမယ် အကျိုးအမြတ်ကို ၆၀ အချိုး ၄၀ ဖြတ်ခွဲတဲ့အတွက် အက္ခရာစာလုံး များများရောင်းရလေ ဆုမဲအရေအတွက် များလေပါ” ဟု ဦးမင်းထွဋ်က ဆိုသည်။

၂၀၁၆-၂၀၁၇ အောင်ဘာလေ ၂၀၀ ကျပ်တန် ရောင်းချမှုမှ အမြတ်ငွေသည် ကျပ်ဘီလီယံ ၄၀ ကျော် ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၅၀၀ တန်ထီမှ အမြတ်ငွေ ကျပ်ဘီလီယံပေါင်း ၁၀၀ ကျော်ရမည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက ခန့်မှန်းထားသည်။

T.L