News

POST TYPE

NEWS

အရန်ထီ လျှောက်လွှာမရသူများ ငွေသွင်းချလန်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်
03-Mar-2017
ရန်ကုန်၊ မတ် ၂

ကျပ် ၅၀၀ တန် အရန်ထီလျှောက်လွှာ မရရှိသူများ ထီလက်မှတ် ဝယ်ယူလိုပါက နိုင်ငံပိုင်ဘဏ်များသို့ ငွေသွင်းထားသည့် ချလန်ဖြင့် ယခုမတ်လအတွင်း ဝယ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲထံမှ သိရသည်။

ကျပ် ၂၀၀ တန်ထီမှာ စောင်ရေအကန့်အသတ်ဖြင့် ထုတ်သောကြောင့် ဈေးကွက်အတွင်း ထီစောင်ရေ လိုအပ်ချက်များ ဖြစ်ပေါ်ပြီး ဈေးမြှင့်ရောင်းချမှုများ ရှိကြောင်း၊ သို့သော် ကျပ် ၅၀၀ တန်ထီမှာမူ ဈေးမြင့်တက်ခြင်း မရှိစေရန် ဈေးကွက်လိုသလောက် ထုတ်ပေးမည် ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရန်ထီအက္ခရာကို ၂၂ လုံးအထိ ထုတ်မယ်လို့ ကြေညာထားတယ်။ အခုထိ လာလျှောက်တဲ့အထဲမှာ ၂၂ လုံးထုတ်မယ့် အစောင်ရေ အပြည့်တော့ မဟုတ်သေးဘူး။ ကျန်သေးတဲ့ဟာတွေ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာမရတဲ့ သူတွေနဲ့ ဈေးကွက်က ရောင်းကောင်းလို့ ထပ်လိုချင်သေးပါတယ် ဆိုတဲ့ လူတွေလည်း ငွေသွင်းချလန်နဲ့ လာဝယ်လို့ ရပါတယ်” ဟု ၎င်းက ရှင်းပြသည်။ 

မတ်လ ၁ ရက်နေ့မှ စတင်၍ ကျပ် ၅၀၀ တန်ထီကို ရောင်းချခဲ့ရာ ဈေးမြှင့်ရောင်းချခြင်း မရှိသေးကြောင်း ထီဈေးကွက်အတွင်းမှ သိရသည်။

“ကျပ် ၅၀၀ တန်ထီက အခုမှ စထွက်တယ်။ ပြီးတော့ ဆုကြေးက ကျပ်သိန်းတစ်သောင်း ဆိုတော့ ပိုပြီးထိုးချင်တယ်။ ထီဖွင့်ရင် သိန်းတစ်သောင်းဆုကို ဘယ်သူရသွားလဲဆိုတာ ပိုသိချင်တယ်” ဟု ကျပ် ၅၀၀ တန်ထီ ဝယ်ယူကံစမ်းထားသူ ဦးမြင့်သိန်းက ပြောကြားသည်။

J-13