News

POST TYPE

NEWS

ဒီမိုကရေစီ ပညာရေးကို ကျောင်းသားများ ဆက်တောင်းဆို
26-Feb-2017

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုသည့် ကျောင်းသားသပိတ် ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးခံရခြင်း ၂ နှစ်ပြည့် လှုပ်ရှားမှုတွင် ဒီမိုကရေစီပညာရေး ဖော်ဆောင်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်မြန်မာပြည်) ကျောင်းသားများက ဆက်လက်တောင်းဆိုသည်။

ယင်းလှုပ်ရှားမှုတွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရှိရေးကိုလည်း ကျောင်းသားများက တောင်းဆိုကြသည်။

လက်ပံတန်းမြို့အရောက် ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ၂ နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုကို မန္တလေးမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်ပိုင်းက ဗကသများအဖွဲ့ချုပ် (အထက်မြန်မာပြည်) ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မောင်ရဲနွေ