News

POST TYPE

NEWS

ရိုးမနှင့် ဂျာမနီကုမ္ပဏီ METRO တို့ ပူးပေါင်း၍ ကုန်မျိုးစုံလက်ကား ရောင်းသည့်လုပ်ငန်း လုပ်ကိုင်မည်
25-Feb-2017

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်သော ရိုးမ (Yoma Strategic) ကုမ္ပဏီက ဂျာမနီအခြေစိုက် ကုမ္ပဏီ METRO Group နှင့်ပူးပေါင်းပြီး စားသောက်ကုန်နှင့် ကုန်မျိုးစုံ လက်ကားရောင်းချသည့် လုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

ဂျာမနီအခြေစိုက် METRO Group က ရှယ်ယာ ၈၅ ရာခိုင်နှုန်းနှင့် ရိုးမကုမ္ပဏီက ၁၅ ရာခိုင်နှုန်းဖြင့် ဖက်စပ် ကုမ္ပဏီ METRO Whole Sale Myanmar အဖြစ် ပြည်တွင်းတွင် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရိုးမကုမ္ပဏီထံမှ သိရသည်။

METRO သည် စားသောက်ကုန်များ လက်လီလက်ကား ရောင်းချရာတွင် နိုင်ငံတကာ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် ဝန်ထမ်းပေါင်း တစ်သိန်းခွဲကျော် အလုပ်အကိုင် အခွင့်အလမ်း ပေးထားကြောင်း ၂၀၁၅-၁၆ တွင် ယူရို ၃၇ ဘီလီယံခန့် ရောင်းချနိုင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း ရိုးမ ကုမ္ပဏီထံမှ သိရသည်။

METRO Cash and Carry ကုမ္ပဏီလက်အောက်ရှိ B2B လက်ကား လုပ်ငန်းခွဲများသည် ဥရောပနှင့် အာရှ ဒေသများရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် စားသောက်ကုန်ပစ္စည်းများ ရောင်းချ လျက်ရှိပြီး ဟိုတယ်၊ စားသောက်ဆိုင်များ၊  ဧည့်ခံကျွေးမွေးရေးကုမ္ပဏီများ၊ အသေး စားလက်လီရောင်းချသူများနှင့် ရုံးခန်း များအစရှိသည့် အဖွဲ့အစည်းပေါင်း ၂၁ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက် ရှိသည့်ကုမ္ပဏီဖြစ်သည်။

J-01

  • VIA