POST TYPE
NEWS
သမ္မတ ဦးထင်ကျော် မကွေး ရေဘေးရှောင်များနှင့် တွေ့ဆုံမည်
06-Aug-2016
ပခုက္ကူ၊ သြဂုတ် ၆
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ (သြဂုတ်လ ၇ ရက်နေ့)တွင် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြုံနေရသည့် ဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
သမ္မတကြီး၏ အဆိုပါ ခရီးစဉ်အရ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကြုံတွေ့နေရသည့် ရေဘေး ဒုက္ခသည်များနှင့် ကနဦး တွေ့ဆုံမည်ဖြစ်ကြောင်း၊ ယင်းနောက် ပခုက္ကူမြို့သို့ ရောက်ရှိ လာမည်ဖြစ်ကာ ရွှေသိမ်တော် မိုးကုတ် ရိပ်သာကျောင်းတွင် ခိုလှုံ့နေသည့် ရေဘေးရှောင် ဒေသခံများ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။
ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီ မြစ်ရေ ဝင်ရောက်လာမှုကြောင့် အိမ်ခြေ ၅၄၃၈ လုံးမှ အိမ်ထောင်စု ၆၀၃၄ စု၊ လူဦးရေ ၂၉,၁၀၇ ဦးအတွက် ရေဘေးရှောင်စခန်း ၄၂ ခု ဖွင့်ထားရကာ တိရစ္ဆာန်များကိုလည်း ရေလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း ပေးထားရသည့်အပြင် အခြေခံပညာကျောင်း ၅၀ ပိတ်ထားရကြောင်း ယင်းမြို့နယ်ရုံး မှတ်တမ်းအရ သိရသည်။
မင်းဘူးမြို့တွင်လည်း ဧရာဝတီ မြစ်ရေ ကြီးမှုကြောင့် မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာ ဒေသခံများသည် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်းနှင့် ဓာတ်တော်ကုန်းစေတီ ရင်ပြင်တွင် ခိုလှုံနေရသည်။
- SOURCES
- The Voice
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
01-Dec-2019