News

POST TYPE

NEWS

ဝတ်စုံဒီဇိုင်းကြောင့် အမေရိကန် အားကစားအဖွဲ့ လှောင်ပြောင်ခံရ
06-Aug-2016
ရီယို အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အမေရိကန် အားကစားအဖွဲ့ အနေနဲ့ သူတို့ရဲ့ ဝတ်စုံဒီဇိုင်းကို ထုတ်ဖော်ပြသ လိုက်ပြီးတဲ့ နောက်မှာပဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် လိုက်ရပါတယ်။

ဒီဇိုင်နာ ရက်ဖ်လော်ရန် ဖန်တီး ပေးထားတဲ့ အမေရိကန် အားကစားအဖွဲ့ရဲ့ ဝတ်စုံ ဒီဇိုင်းဟာ အဖြူ၊ အပြာနဲ့ အနီရောင် အစင်းတွေကို အသုံးပြု ထားတာကြောင့် ရုရှအလံကို ဖော်ညွှန်းသလို ဖြစ်နေတယ် ဆိုပြီး လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင် နေရတာပါ။

အမေရိကန် အိုလံပစ် ကော်မတီကတော့ “လတ်ဆတ်တယ်၊ အားကစား ဒီဇိုင်းဆန်ပြီး ကြည့်ကောင်းတယ်၊ အမေရိကန် အလံထဲက အရောင်တွေကို သုံးထားတယ်”ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒီဝတ်စုံ ဒီဇိုင်းကို အတည်ပြု ပေးခဲ့တာ ဖြစ်ပေမယ့် လူမှုကွန်ယက်တွေကို အသုံးပြုသူတွေကြားမှာတော့ အငြင်း ပွားစရာတွေ ရှိနေခဲ့တာပါ။

Ref: Skysports


  • VIA