News

POST TYPE

NEWS

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၁၀၀ ကျော်၊ သေဆုံးသူ ၂ သန်းကျော်ရှိ
27-Jan-2021


ဇန်နဝါရီ ၂၇

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ စုစုပေါင်း သန်း ၁၀၀
ကျော်လွန်ခဲ့ပြီဖြစ်ကြောင်းကို AFP သတင်းဌာန၏ စစ်တမ်းအရသိရသည်။
လွန်ခဲ့သော တစ်ပတ်ကတည်းက အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၂၅ သန်း ကျော်လွန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၂၀၀၀၀ ဦးရှိသည်။

ဗြိတိန်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်း ကျော်လွန်ခဲ့ပြီး အခြားဥရောပ နိုင်ငံများသည် ပိုမိုကူးစက်မြန်သော ကိုဗစ်မျိုးကွဲကို ထိန်းချုပ်ကာကွယ်နိုင်ရန်နိုင်ငံကူး သွားလာခြင်းများကို တင်းကြပ်ပိတ်ပင်ခဲ့ကြသည်။

ကိုဗစ်ကြောင့်သေဆုံးသူ တစ်သိန်း ပထမဆုံးကျော်လွန်ခဲ့သော ဥရောပနိုင်ငံ
ဖြစ်ခဲ့ပြီးနောက်တွင် သေဆုံးသူ ဗြိတိန်မိသားစုများ၏ ဆုံးရှုံးမှု ဒဏ်ကို တွက်ချက်မှန်းဆရန်အလွန်ခက်ခဲကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့သည်။

အိုင်ယာလန်တွင်လည်း ပထမဆုံးအကြိမ် ခရီးသွားကွာရန်တင်းများ ချမှတ်သွားမည် ဖြစ်ပြီးLockdown စည်းမျဉ်းများကိုလည်း မတ်လ ၅ ရက်နေ့အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်းဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဂျာမနီနိုင်ငံတွင်လည်း နယ်စပ်ထိန်းချုပ်မှု အားကောင်းရန် ကြိုးပမ်းနေပြီး နိုင်ငံအတွင်းလေယာဉ်ဝင်ခွင့် အားလုံးနီးပါး ပိတ်ပင်သွားမည် ဟု ထုတ်ပြန်ခဲ့သည်။

“များပြားတဲ့ ဗိုင်းရပ်မျိုးကွဲတွေရဲ့ အန္တရာယ်ကြောင့် ကျွန်တော်တို့တွေ တင်းကြပ်တဲ့စည်းမျဉ်းတွေချဖို့ စဉ်းစားရတာပဲဖြစ်ပါတယ်” ဟု ဂျာမနီ ပြည်ထဲရေးဝန်ကြီးဟော့စ်ဆီဟော်ဖာ က ပြောခဲ့သည်။

အိုက်စလန် တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပြီးသွားသူများ ခရီးသွားလာနိုင်ရန်အတွက် ထောက်ခံချက်များကို စတင် ထုတ်ပေးခဲ့သည်။
အိုင်ယာလန်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ညမထွက်မိန့် ထုတ်ပြန်ခဲ့ပြီးနောက်လော့ခ်ဒေါင်းဆန့်ကျင်သူများသည် ညပိုင်းတွင် ဆန္ဒပြသောင်းကျန်းခဲ့ကြသည်။

ဆန္ဒပြသူဦးရေ ၄၀၀ ကို ရဲများက ဖမ်းဆီးခဲ့ပြီး လုံးဝနောက်ဆုတ် အလျော့ပေးမည်မဟုတ်ကြောင်း ရဲများက ထုတ်ပြန်ခဲ့ကြသည်။ယခုတွင် ကမ္ဘာတစ်ဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၀၀ ဒသမ ၉
သန်းကျော်လွန်နေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂ ဒသမ ၁ သန်းကျော်ရှိသည်။