POST TYPE
NEWS
ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုစည်းမျဉ်းများ တင်းကျပ်သွားမည်ဟု ဥရောပသမဂ္ဂ သတိပေး
27-Jan-2021
ဇန်နဝါရီ ၂၆
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်သော AstraZeneca ကုမ္ပဏီသည် ဥရောပ သမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံကို ပေးပို့မည့် ကိုဗစ် ကာကွယ်ဆေးများ လျှော့ချဖြတ်တောက် မည်ဟု အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် တွင် ဥရောပသမဂ္ဂသည် ကိုဗစ်ကာကွယ် ဆေးတင်ပို့ခြင်းစည်းမျဉ်းများ တင်းကျပ် သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
ဥရောပသမဂ္ဂသည် “ပြည်သူများ ကို ကာကွယ်ရန် လိုအပ်သည့် လုပ်ရပ် အားလုံး” ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ဥရောပသမဂ္ဂ ကျန်းမာရေးဆိုင်ရာ မဟာ မင်းကြီး စတဲယ်လာ ကီရီယာကီဒူက ပြောခဲ့သည်။
ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ချို့ယွင်းချက် အခက်အခဲများကြောင့် ဥရောပသမဂ္ဂကိုပေးပို့သွားမည့် ကာကွယ် ဆေးပမာဏ လျော့နည်းသွားမည်ဖြစ် ကြောင်းကို လွန်ခဲ့သောတစ်ပတ်တွင် AstraZeneca ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများကိုယ်စား ကိုဗစ် ကာကွယ်ဆေးဝယ်ယူ ပေးရသည့် ဥရောပ သမဂ္ဂသည် ကာကွယ်ဆေး ဝယ်ယူဖြန့်ချိ ရာတွင် အလွန်နှောင့်နှေးကြန့်ကြာကြောင်း ဝေဖန်ခံနေရသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် AstraZeneca ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးမှုသည် ရှင်းလင်းတိကျမှုနှင့် လုံလောက်သော ဖြေရှင်းချက်များ မရှိခဲ့သောကြောင့် စိတ် ပျက်ဖွယ်ရလဒ်သာ ရရှိခဲ့သည်ဟု ဥရောပ သမဂ္ဂကျန်းမာရေးဆိုင်ရာ မဟာမင်းကြီး ကီရီယာကီဒူက ပြောခဲ့သည်။
ဥရောပသမဂ္ဂသည် အချက်အလက် အတိအကျပါဝင်သော ကိုဗစ်ကာကွယ် ဆေး တင်ပို့ရေးအစီအစဉ်များကို AstraZeneca ကုမ္ပဏီထံမှ တောင်းဆိုခဲ့ပြီး AstraZeneca နောက်တစ်ကြိမ် တိုင်ပင် ဆွေးနွေးမည့် ရက်သည် ဇန်နဝါရီလ ၂၇ ရက်နေ့ဖြစ်ကြောင်းကိုလည်း ကီရီယာကီဒူ က ပြောခဲ့သည်။
ဥရောပသမဂ္ဂကို ပေးပို့မည့် PfizerBioNtech ကိုဗစ်ကာကွယ်ဆေးများလည်း လုံးဝပြတ်တောက်ကာ ပေးပို့မှု ရပ်ဆိုင်းသွားသောကြောင့် အချို့သော ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကိုဗစ်ကာကွယ် ဆေးထိုးရေးလုပ်ငန်းများလည်းရပ်ဆိုင်း ထားရပြီး အချို့နိုင်ငံများကမူ ဥပဒေအရ အရေးယူပေးရန် တောင်းဆိုမှုများ ရှိနေသည်။
F-05
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021