POST TYPE
NEWS
သန်လျင်မြို့တွင် The Hangar ဈေးရုံ စတင်ဖွင့်လှစ်
23-Jan-2021

ရန်ကုန်၊ ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံ၌ ပထမဦးဆုံး Wet Market (သား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ဈေးရုံကြီး) နှင့် Food Court (စားသောက်ဆိုင်တန်း) များတွဲလျက်ပါဝင် ဆောက်လုပ်ထားသော The Hangar ဈေးရုံသစ်ကို ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ Star City အိမ်ရာဝင်းအတွင်း စတင်ဖွင့်လှစ်ခဲ့သည်။
MITT၊ Star City အတွင်းရှိ The Hangar ဈေးရုံသစ်တည်ဆောက်ရေးစီမံကိန်းမှာ သီလဝါအထူးစီးပွားရေးဇုန် နှင့် ရန်ကုန်မြို့တို့ကို လွယ်ကူစွာသွားလာနိုင်သောလမ်းကြောင်းပေါ်၌ တည်ရှိပြီး ပြည်တွင်းထွက်ကုန်ပစ္စည်းများကို အများပြည်သူဝယ်ယူရာတွင် နေရာတစ်နေရာတည်း၌ စုံလင်စွာရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ယင်းဈေးထံမှ သိရသည်။
ဈေးရုံသစ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၉၀ဝ၀ ကျော်ရှိပြီး ဈေးရုံသစ်အတွင်းရှိ Wet Market ဘက်အခြမ်း၌ ဆိုင်ခန်းမျက်နှာစာနှင့် အရှည် ၆ ပေပတ်လည်ရှိသော ဈေးဆိုင်ခန်းပေါင်း ၃၂ ခန်းကို ထည့်သွင်းဆောက်လုပ်ထားကာ စားသောက်ရုံဘက်အခြမ်း၌ ဆိုင်ခန်းမျက်နှာစာနှင့် အရှည် ၁၀ ပေ ပတ်လည်ရှိသော စားသောက်ဆိုင်ခန်းပေါင်း ၁၂ ခန်း ထည့်သွင်းဆောက်လုပ်ထားသည်။ ယင်း ဈေးရုံတွင် အရေးပေါ် မီးငြှိမ်းသတ်ရေးစနစ်များ ဆောင်ရွက်ထားရှိပြီး ဈေးဝယ်သူပြည်သူများ အဆင်ပြေစေရန် ယာဉ် ရပ်နားရာ ကားပါကင်အပါအဝင် သန့်ရှင်းရေးနှင့် လုံခြုံရေးဝန်ဆောင်မှုများ ထည့်သွင်းထားသည်။
"Wet Market ပါဝင်ဆောက်လုပ်ထားတဲ့ ဈေးရုံသစ်ကြီးဖြစ်ပြီး ဒီဈေးရဲ့ ထူးခြားချက်ကတော့ အစားအစာတွေကို Supplier များကိုယ်တိုင်က တိုက်ရိုက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ပြင်ပဈေးနှုန်းနဲ့ တူတဲ့အတွက် စားသုံးသူပြည်သူများ ချိုသာသောဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ကြမှာဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတ်မှတ်စည်းကမ်းအတိုင်း စားသောက်ဆိုင် (Food Court) တွေက အစားအစာများကို ဆိုင်စဖွင့်ဖွင့်ချင်းမှာပဲ ကျွန်တော်တို့က ပါဆယ်စနစ်နဲ့ ရောင်းချပေးမှာလည်း ဖြစ်ပါတယ်။ သား၊ ငါးနဲ့ ကုန်ခြောက်ပစ္စည်းတွေကတော့ ကိုယ်တိုင်ကိုယ်ကျ မည်သူမဆို လာရောက်ဝယ်ယူလို့ရတာမို့ ဈေးဝယ်သူများ အဆင်ပြေစေဖို့ အလုံးစုံ စီမံဆောင်ရွက်ပေးထားပါတယ်" ဟု ခေတ်မီအဆင့်မြင့် The Hangar ဈေးရုံသစ် စီမံခန့်ခွဲသူ ဦးမြင့်လွင်က ပြောသည်။
ကိုဗစ်ကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်နှင့်အညီ အစားအစာများကို ပါဆယ်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ရာ Wet Market (သား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ဈေးရုံကြီး) ကို နံနက် ၅ နာရီ မှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း၊ စားသောက်ဆိုင် (Food Court)များကို နံနက် ၆ နာရီမှ ည ၉ နာရီအထိလည်းကောင်း နေ့စဉ်ဖွင့်လှစ်ထားသည်။
J-03
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021