POST TYPE
NEWS
ဂျိုးဘိုင်ဒင် သမ္မတအဖြစ်ကျမ်းမကျိန်မီ ထရမ့်ထောက်ခံသူများ လက်နက်ကိုင်ဆန္ဒပြအုံကြွမှုများ ဖြစ်လာနိုင်သည့်အတွက် ပြည်နယ် ၅၀ စလုံးတွင် တပ်လှန့်ထား
18-Jan-2021
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇
လာမည့်ဗုဒ္ဓဟူးနေ့တွင် အမေရိကန် သမ္မတအဖြစ် ဂျိုးဘိုင်ဒင်ကျမ်းသစ္စာ မကျိန်ဆိုမီ ယခုရက်ပိုင်းအတွင်း ထရမ့် ထောက်ခံသူများ၏ လက်နက်ကိုင်ဆန္ဒပြ အုံကြွမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်နယ် ၅၀ စလုံးနှင့် ပြည်ထောင်စု နယ်မြေ ကိုလီဘီယာခရိုင် (ဒီစီ) တို့တွင် လုံခြုံရေးအတွက် တပ်လှန့်ထားကြောင်း BBC သတင်းဌာနကဖော်ပြသည်။
ပြီးခဲ့သည့်အပတ်က အသေ အပျောက်ရှိခဲ့သော ဆူပူအုံကြွမှုများ ထပ်မံမဖြစ်ပွားစေရန် ဝါရှင်တန်ဒီစီသို့ အမျိုးသားအစောင့်တပ်ဖွဲ့များ အလုံး အရင်းနှင့် စေလွှတ်ထားပြီးဖြစ်သည်။
ပြည်နယ် ၅၀ စလုံးရှိမြို့တော် များတွင် ထရမ့်ထောက်ခံသူများ လက် နက်ကိုင်ချီတက်မှုများ ပြုလာနိုင်သည့် အတွက်ကိုလည်း FBI က သတိပေးထားသည်။
ဝါရှင်တန်ဒီစီ နေရာအများအပြား ကို လော့ခ်ဒေါင်းချထားပြီး အမျိုးသား အစောင့်တပ်များ စောင့်ကြပ်နေကြသည်။ လမ်းများတွင် ကွန်ကရစ်တုံးများ သံဆူး ကြိုးများ ကာရန် ပိတ်ဆို့ထားသည်။ ပုံမှန် အားဖြင့် သမ္မတတင်မြှောက်ပွဲများတွင် လူသောင်းချီပြည့်နှက်နေကျဖြစ်သည့် ပြည်သူ့ရင်ပြင် (National Mall) ကို ထောက်လှမ်းရေးအဖွဲ့၏ တောင်းဆိုမှုအရ ပိတ်ထားမည်ဖြစ်သည်။
ကိုဗစ်ကြောင့် ကျမ်းကျိန်ပွဲကို ရုပ် သံမှသာ ကြည့်ရှုကြရန် ဘိုင်ဒင်အဖွဲ့က နှိုး ဆော်ထားသည်။
တစ်ချိန်တည်းတွင်ပင် ဘိုင်ဒင်အဖွဲ့ ကလည်း ထရမ့်၏အဓိကမူဝါဒများကို ပြောင်း ပြန်လှန်ပစ်မည့် အစီအစဉ်များ ထုတ်ပြန် လိုက်ပြီဖြစ်သည်။ အိမ်ဖြူတော်သို့ ခြေချ ပြီးသည်နှင့် ဘိုင်ဒင်၏ သမ္မတ၏ ဥပဒေကဲ့ သို့အာဏာတည်သောအမိန့်များ ထုတ် ပြန်၍ ထရမ့်လက်ထက်မူဝါဒများကို ပြင် ဆင်မည်ဖြစ်သည်။
ကာဘွန်ထွက်ရှိမှု လျှော့ချရေး နိုင်ငံစုံလက်မှတ်ထိုးထားသည့် ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ ပါရီသဘောတူညီ ချက်သို့ အမေရိကန် ပြန်လည်ဝင်ရောက် မည်ဖြစ်သည်။ မွတ်စလင်နိုင်ငံအချို့မှ နိုင်ငံသားများ အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ထားမှုကို ပြန်လည်ပယ်ဖျက်မည်ဖြစ် သည်။ ပြည်ထောင်စုပိုင်နေရာများတွင် ပြည်နယ်ဖြတ်ကျော်သွားလာမှုများတွင် မက်စ်မဖြစ်မနေဝတ်ဆင်ရန်လည်း အမိန့် ထုတ်သွားမည်ဖြစ်သည်။
ဘိုင်ဒင်သည် ထရမ့်ကဲ့သို့ပင်၊ လွှတ် တော်အတည်ပြချက်ယူစရာမလိုဘဲ ဥပဒေကဲ့သို့အာဏာတည်သော သမ္မတ အမိန့်များဖြင့် အချို့အချက်များကို ဆောင်ရွက်နိုင်သော်လည်း သူထုတ်ပြန်ထား သော ဒေါ်လာ ၁ ဒသမ ၈ ထရီလျံတန်ဖိုးရှိ စီးပွားရေးအရှိန်အဟုန်မြင့် အစီအစဉ်နှင့် ရွှေပြောင်းအခြေချမှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အစီအစဉ်များမှာမူ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန်လိုအပ်မည်ဖြစ်သည်။
F-05
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021