POST TYPE
NEWS
မြန်မာလုပ်သားများကို ခွဲခြားဆက်ဆံသည်ကို ဆန့်ကျင်သည့်အနေနှင့် ထိုင်းအစိုးရဝက်ဘ်ဆိုက်များကို မြန်မာဟက်ကာတို့ တိုက်ခိုက်
18-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၇
ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းကျန်းမာရေးစောင့်ရှောက်မှုပြုပေးတဲ့ ဆေးရုံဆေးခန်းတွေက ခွဲခြားဆက် ဆံမှုတွေနဲ့ ဆူရတ်ဌာနီပြည်နယ်ရဲစခန်း မှာ အချုပ်ကျနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့ဝင် တစ်ဦးက အဓမ္မပြုကျင့်မှုတို့အပေါ် ဆန့် ကျင်တဲ့အနေနဲ့ မြန်မာဟက်ကာအဖွဲ့နှစ်ဖွဲ့ က ထိုင်းအစိုးရ၊ ရဲတပ်ဖွဲ့တို့ရဲ့ ဝက်ဘ် ဆိုက်တွေနဲ့ ဆေးရုံတချို့ရဲ့ ဝက်ဘ်ဆိုက် တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာဟက်ကာအဖွဲ့နှစ်ခုဖြစ်တဲ့ Black Brothers Hackers Group BBHG နဲ့ Union of Under Ground Myanmar တို့က အဲဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တာဖြစ်တယ်လို့ ဟက်ကာအဖွဲ့တွေ ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။
Black Brothers Hackers Group BBHG က တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့နိုင်ငံသားတွေအပေါ် ခွဲခြားဆက်ဆံပြီး ဥပဒေမဲ့လုပ်ရပ်တွေ အပေါ် ကျွန်တော်တို့ မြန်မာဟက်ကာများ အနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ဆိုတာကို ထိုင်းအစိုးရကို သတင်းစကား ပါးလိုတာကြောင့် ထိုင်းနိုင်ငံရဲ အစိုးရပိုင် ကျန်းမာရေး Website တွေနဲ့ ရဲတပ်ဖွဲ့ Website အပါအဝင် အခြားအစိုးရဌာန ပိုင် Website တွေကို တိုက်ခိုက်ပြီး သတင်းစကားပါးရခြင်းပါ" လို့ ဆိုက်ဘာ တိုက်ခိုက်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။
BBHG အနေနဲ့ လက်ရှိအချိန်ထိ ထိုင်းဝက်ဘ်ဆိုက်ပေါင်း ၂၀ဝ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အချက်အလက်တွေကို ရယူခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
BBHG က တိုက်ခိုက်ခဲ့တဲ့ ဝက်ဘ် ဆိုက်တွေကို ဝင်ကြည့်ရာမှာ ကြည့်ရှုလို့ မရတော့ဘဲ မြန်မာရွှေ့ပြောင်းလုပ်သား တွေကို ခွဲခြားဆက်ဆံတာတွေနဲ့ ထိုင်းရဲ တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို တုံ့ပြန်တဲ့ အနေနဲ့ BBHG က ဝက်ဘ်ဆိုက်ကို သိမ်းယူလိုက်တယ်ဆိုတဲ့ စာသားကိုသာ တွေ့ရပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန် အိုချာက ထိုင်းမှာ ကိုဗစ်တစ်ကျော့ပြန်ဖြစ် ပွားတာနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ပြစ်တင်တာတွေလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကို အကြောင်း ပြပြီး ထိုင်းလူမျိုးအချို့ရဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် ခွဲခြားဆက်ဆံတာ တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ မှာဖြစ်ပွားခဲ့ပြီး ဆူရတ်ဌာနီပြည်နယ် ရဲစခန်း မှာ အချုပ်ကျနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသမီးကို ထိုင်းရဲက အဓမ္မ ပြုကျင့်ခဲ့မှုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဆွေလင်းထွန်း (VOM)
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021