News

POST TYPE

NEWS

ဒုတိယအကြိမ် အထူးအစည်းအဝေး မခေါ်ယူခြင်းသည် အခြေခံဥပဒေကို မျက်ကွယ်ပြုရာရောက်ဟု NDF ပါတီ ကြေညာချက်ထုတ်
18-Jan-2021

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ တွင်ဖော်ပြထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတောင်း ဆိုလျှင် ပြည်ထောင်စုလွှတ်တော် နာယက က အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပပေးရမည်ဟု အတိအလင်း ဖော်ပြထားပါလျက် ခေါ်ယူကျင်းပပေးရန် မရှိခြင်းသည် အခြေခံဥပဒေကို မျက်ကွယ်ပြု ရာရောက်နေသည်ဟု သုံးသပ်၍ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ဇန်နဝါရီလ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် ဒုတိယအကြိမ်လွှတ်တော် ၏ နောက်ဆုံးအစည်းအဝေးကို ကျင်းပ ခြင်းသည် ငါးနှစ်တာလွှတ်တော်အသီးသီး ၏ ဆောင်ရွက်ချက်များကို ကဏ္ဍအလိုက် အနှစ်ချုပ်မှတ်တမ်းတင်ရမည်ဖြစ်သည့်အပြင် ဒုတိယအကြိမ် ပြည်သူ့ကိုယ်စားလှယ် များ၏ ပြည်သူ့ကိုယ်စားတောင်းဆိုမှုများ နှင့် လွှတ်တော်အသီးသီး၏ လုပ်ဆောင် ချက်များ၊ ကတိကဝတ်များကို အတည်ပြု ခြင်း၊ ဆောင်ရွက်ရန်ကိစ္စများကို ကတိကဝတ် ကော်မတီ၏ အစီရင်ခံစာ နှင့်အတူ ပြည်သူ့ကိုယ်စားလှယ်များ၏ သုံးသပ်ဆုံးဖြတ်ချက်များဖြင့် အပြီးသတ် ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

"ဒုတိယအကြိမ် လွှတ်တော်ဆို တာက အစဉ်အလာအတိုင်း ခေါ်ကို ခေါ်ရ မယ်။ ကတိကဝတ် ကော်မတီဆိုတာက လွှတ်တော်ကော်မတီလေးခုထဲမှာ အရေး ပါတဲ့ ကော်မတီတစ်ခုအဖြစ် ရပ်တည်နေ တယ်။  ဒုတိယအကြိမ် လွှတ်တော်မပိတ် သိမ်းခင်မှာ ဝန်ကြီးဌာနဆိုင်ရာတွေ အားလုံးကနေပြီးတော့ ဘယ်လုပ်ငန်း တွေ ကျန်နေတယ်၊ ဘယ်လုပ်ငန်းတွေ တော့ ဆက်လုပ်ရမယ်ဆိုတာ ရှိတယ်။ ဘတ်ဂျက်၊ ငွေလုံးငွေရင်းကိစ္စတွေမှာ ဘယ်လောက်အထိ ကျန်နေတယ်။ ဘယ်လောက်တော့ သုံးစွဲထားတယ်။ အဲဒီလိုဟာတွေကို ကတိကဝတ်ကော်မတီ မှာ ကတိပြုရမယ်၊ ကတိပြုပြီးတဲ့အခါမှာ အဲဒီကတိကဝတ်ကော်မတီက ဒါတွေကို စုပေါင်းပြီးတော့ အစီရင်ခံစာရေးပြီး နောက်တတိယအကြိမ်ခေါ်မယ့် လွှတ်တော် ကို တင်သွင်းပေးရမယ်။ ဒါအစဉ်အလာ လုပ်ထုံးလုပ်နည်းပဲ" ဟု NDFပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ရှင်းပြသည်။

ထိုသို့လွှတ်တော်မခေါ်ယူခြင်းကြောင့် အခြေခံဥပဒေပုဒ်မ ၈၄ ပါ ပြဋ္ဌာန်းချက် အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံက လက်မှတ်ရေးထိုးကာ ခေါ်ခိုင်း ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတအနေ ဖြင့် ခေါ်ခိုင်းခွင့်ရှိကြောင်း၊ လွှတ်တော် နာယကအနေဖြင့်လည်း ခေါ်ယူခွင့်ရှိ ကြောင်း၊ ကပ်ရောဂါဘေး၊ ရာသီဥတုဘေး၊ စစ်ဘေး စသည်တို့ကို အကြောင်းပြ ရှောင်လွှဲ ၍မရကြောင်း၊ ဥပဒေတွင် မှတ်ချက်ပြု ဖော်ပြထားသည်လည်း မရှိကြောင်း ဦးခင်မောင်ဆွေက ဆက်လက်ပြောဆို သည်။

ဒုတိယအကြိမ်လွှတ်တော်အား ပထမအကြိမ်လွှတ်တော်ကဲ့သို့ ကတိကဝတ် ကော်မတီ၏ အစီရင်ခံစာများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ နိုင်ငံနှင့် နိုင်ငံသားများအကျိုးအတွက် ဆောင်ရွက် ချက်များကို ဆွေးနွေး ဆုံးဖြတ် အတည် ပြုခြင်း ပြုလုပ်ပြီးမှသာ ဒုတိယအကြိမ် လွှတ်တော်ကို ပထမအကြိမ်လွှတ်တော် ကဲ့သို့ ဂုဏ်သိက္ခာရှိစွာဖြင့် အပြီးသတ် ရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သို့မဟုတ်ပါက သမိုင်းတွင် အမည်းစက် မှတ်တမ်းတင် ကျန်ရစ်ခဲ့လိမ့်မည်ဖြစ် ကြောင်း၊ ဒုတိယအကြိမ်လွှတ်တော်၏ အပြီးသတ်ဆောင်ရွက်မှုများကို ကျန်ရှိနေ သည့် သက်တမ်းတွင် အရေးတကြီး လုပ် ဆောင်နိုင်ရန်အတွက် အမြန်ဆုံး ခေါ်ယူ သင့်ပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

"အမြန်ဆုံးခေါ်ပေးရမယ်ဆိုတဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက်ကို လွှတ်တော် ဥက္ကဋ္ဌကိုယ်တိုင်က ကျော်နင်းပြီးတော့ မထီမဲ့မြင်ပြုသလို ဖြစ်နေတယ်။ ဒါကို တည့်မတ်ချင်တဲ့သဘောပါ၊ ကျွန်တော် ပြောချင်တာကတော့ လွှတ်တော်အစဉ်အလာ ယဉ်ကျေးမှုအတိုင်းပဲ သွားစေချင်တယ်။ နောက်ပြီးတော့ ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဘာပြောဖို့ ကျန်သလဲ ဆိုတာရယ်၊ ပြီးတော့ လက်ရှိ ရွေးကောက်ပွဲ မသမာမှုဖြစ်တဲ့ကိစ္စကို ကော်မရှင်ဥက္ကဋ္ဌ ကို ခေါ်ပြီးတော့ ဒီကိစ္စကို ပြန်ဆုံးဖြတ် ပေးပါ၊ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ဟုတ်ရင်လည်း အချက်အလက်နဲ့တကွ မှန်တယ်၊ မသမာမှု မဟုတ်ဘူးဆိုတာကို ရှင်းနိုင်ရင် ရှင်းပေးဖို့ ပြီးပြတ်အောင်ပေါ့။ လွှတ်တော်မှာတင် ပြီးပြတ်သွားရင် ပွတ်တိုက်မှုတွေ၊ မကျေနပ်မှုတွေ ကျော်လွှား ပြီးတော့ နိုင်ငံရေးရှေ့ခရီးဆက်နိုင်မယ် ဆိုပြီး အကောင်းမြင်ဝါဒနဲ့ ဒါကို ထုတ်ပြန် ခြင်းဖြစ်တယ်" ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။ 

S-08