News

POST TYPE

NEWS

ကလေးသူငယ်ထောက်ပံ့ကြေး အရှုပ်တော်ပုံအတွက် နယ်သာလန်အစိုးရအဖွဲ့ နုတ်ထွက်
17-Jan-2021


အမ်စတာဒမ်၊ ဇန်နဝါရီ ၁၅

ထောင်သောင်းချီသော မိသားစုများသည် ကလေးသူငယ်ထောက်ပံ့ကြေးများကို လိမ်လည်ထုတ်ယူခဲ့ကြသည်ဟု မှား ယွင်းစွပ်စွဲပြီး အတင်းအကျပ်ပြန်တောင်းခဲ့သည့်ကိစ္စအတွက် တာဝန်ယူသည့်အနေ ဖြင့် နယ်သာလန်အစိုးရတစ်ဖွဲ့လုံး ရာထူးမှ  နုတ်ထွက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အခွန်တာဝန်ရှိသူများ၊​ နိုင်ငံရေးသမားများ၊​ တရားသူကြီးများ အပါအဝင် အစိုးရဝန်ထမ်းများသည် မိသားစုများအပေါ်  သူမတူသည့်အမှား ကျူးလွန်ခဲ့ကြကြောင်း  လွှတ်တော်အမတ်များက ဆုံးဖြတ်ခဲ့ကြသည်။

အဓိက ဒုက္ခရောက်ခဲ့သူများမှာ  ရွှေ့ပြောင်းအခြေချလာသည့် မိသားစုများ ဖြစ်ပြီး ထောက်ပံ့ကြေးများ ပြန်တောင်းခဲ့ ခြင်းကြောင့် အတိဒုက္ခရောက်ခဲ့ကြရ သည်ဟုဆိုသည်။

ဝန်ကြီးချုပ်မာ့ခ်ရူတေးက အစိုးရ အဖွဲ့၏နုတ်ထွက်စာကို ဘုရင်ထံ တင်သွင်းခဲ့သည်။

ဓအပြစ်မဲ့တဲ့ပြည်သူတွေ တရားခံ ဖြစ်ခဲ့ရပြီး သူတို့ဘဝတွေ ပျက်စီးခဲ့ရ ပါတယ်ဓ ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး  အလွဲအမှားဖြစ်ခဲ့သည့်ကိစ္စအတွက် အစိုးရတွင် တာဝန်ရှိကြောင်းလည်း ဝန်ခံခဲ့သည်။

နယ်သာလန်နိုင်ငံတွင် ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချထားပြီး လတ်တလောတွင် ချက်ချင်းရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိသေးရာ လာမည့် မတ်လ ရွေးကောက်ပွဲ မတိုင်မီအထိ နုတ်ထွက်သည့်အစိုးရက ပင် အိမ်စောင့်အစိုးရသဘော ဆက်လက်  တာဝန်ယူသွားမည်ဖြစ်သည်။ 
သို့ရာတွင် အဓိကတာဝန်ရှိသူ တစ်ဦးဖြစ်သည့် စီးပွားရေးဝန်ကြီး အီးရစ် ဝီဘစ်မှာမူ ချက်ချင်းပင် နုတ်ထွက်သွား ခဲ့သည်။

စာရွက်စာတမ်းများတွင် လက်မှတ် ထိုးရန် မေ့လျော့ခြင်း၊ အခြားအမှားအယွင်း ရှိခဲ့ခြင်းကဲ့သို့သော အသေးအဖွဲအမှား အယွင်းရှိခဲ့သူများကို လူလိမ်များဟု အမည်တပ်ကာ အစိုးရက ကလေးသူငယ်  စရိတ် ထောက်ပံ့ပေးထားသည့် ပိုက်ဆံ  ယူရိုထောင်နှင့်ချီပြီး ပြန်တောင်းခဲ့ခြင်းကြောင့် ပြဿနာတက်ခဲ့ရသည့်ကိစ္စ ဖြစ်သည်။ 

ခုနှိမ်ခွင့်လည်း မပေးသောကြောင့် ထောက်ပံ့ကြေး လိမ်ထုတ်သည်ဟု စွပ်စွဲ ခံရသည့်မိသားစုများမှာ လနှင့် နှစ်နှင့်ချီ  ထုတ်လာသည့် ပိုက်ဆံများကို ပြန်သွင်း ရန် အခက်အခဲကြုံခဲ့ရသည်။ 
အခွန်ရုံးက ထိုပိုက်ဆံများကို မပြေမကျေသည့်အခွန်ပမာ အတင်းအကျပ် ကောက်ခံ၍ ပြန်သွင်းရသည့် မိသားစု များမှာ အိမ်သိမ်း၊ ကားသိမ်းမှသည် ရေခဲသေတ္တာပါ သိမ်းဆည်းခံခဲ့ရသည်အထိ ရှိသလို လစာ ထက်ဝက်နီးပါး ထုတ်နုတ် ပေးသွင်းရမှုမျိုးလည်း ရှိခဲ့သည်။

ပြန်သွင်းရသူအများစုမှာ ရွှေ့ပြောင်း မိသားစုများမှဖြစ်ပြီး ဝင်ငွေကောင်းသူ များမဟုတ်သည့်အတွက် ထိုပြန်သွင်းရငွေ သည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်ခဲ့သည်။ 

ယင်းကိစ္စကြောင့် အိမ်ထောင်ကွဲ၊​ မိသားစုပျက်စီးရသည်များပါ ရှိခဲ့သည်ဟု ဆိုသည်။ 
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်က စတင် ခဲ့ခြင်းဖြစ်ပြီး မိဘအစုံလိုက် ၂၆၀ဝ၀ ခန့် အထိ ထိုသို့ပြန်သွင်းရသည့်အထဲတွင် ပါဝင်ခဲ့သည်ဟုဆိုသည်။ 

မိခင်တစ်ဦးဆိုလျှင် ယူရို ၄၈çဝ၀ဝ အထိ ပြန်သွင်းခိုင်းသည်နှင့် ကြုံခဲ့ရပြီး မှားယွင်းနေကြောင်း ထောက်ပြသော်လည်း  အာဏာပိုင်များက လက်မခံခဲ့ဘဲ ကလေး ထောက်ပံ့ကြေးသာမက အခြားအစိုးရ အထောက်အပံ့များပါ ဖြတ်တောက်ခြင်း ခံခဲ့ရသည်ဟုဆိုသည်။ 

အိမ်ငှားခ၊ ဓာတ်အားခများမှာ  ကြွေးကျန်ဖြစ်သွားပြီး အစိုးရထောက်ပံ့ ကြေး လိမ်ထုတ်သူအဖြစ် သတ်မှတ်ခံရ ခြင်းကြောင့် အလုပ်ပါပြုတ်ခဲ့ရသည်ဟု  ဆိုသည်။

ယင်းဖြစ်စဉ်အတွက် မှားယင်းစွပ်စွဲ ခံရသူ မိသားစုများကို အစိုးရက ပြန်လည် လျော်ကြေးပေးခဲ့သည့်အပြင် တာဝန်ယူ သည့်အနေဖြင့် အစိုးရအဖွဲ့ပါ နုတ်ထွက်ခဲ့ ခြင်းဖြစ်သည်။ 

သို့သော်လည်း လာမည့် မတ်လ  ၁၇ ရက်နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရူတေး၏  ပါတီက ထပ်မံအနိုင်ရရန် အခြေအနေ ကောင်းနေပြီး ထပ်မံ၍ ညွန့်ပေါင်း အစိုးရသစ် ဦးဆောင်ဖွဲ့စည်းနိုင်ဖွယ်ရှိ ကြောင်း စစ်တမ်းများက ဖော်ပြသည်။

F-05