News

POST TYPE

NEWS

TNLA အဖွဲ့က ဖမ်းဆီးထားသည့် စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း တစ်လကျော်အကြာတွင် ပြန်လွတ်
17-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၁၆

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထိန်းသိမ်းထားသည့် စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း သည် မိုးကုတ်မြို့ရှိနေအိမ်သို့ ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီတွင် ပြန်လည်ရောက် ရှိလာခဲ့ကြောင်း မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း သည် မိုးကုတ်မြို့  မြို့မအုပ်စု ဈေးဟောင်း ရပ်တွင်နေထိုင်သူဖြစ်သည်။ 

TNLA တပ်ဖွဲ့ဝင်များသည် ဦးကျော်ဝင်းကို မိုးကုတ်မြို့ ဈေးကလေး အနီးတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄  ရက် နံနက်ပိုင်းက ကားဖြင့်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ၄၃ ရက်အကြာ တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။

မိုးကုတ်မြို့ ရှောလီဝိုင်းအုပ်စု အုပ် ချုပ်ရေးမှူး ဦးစိုးမြင့်က "လောလော ဆယ် လွတ်တာလောက်ပဲ သိသေးတယ်၊  သူကလည်း ပင်ပန်းလာတယ်ဆိုတော့ အလိုက်တသိ သွားမတွေ့သေးဘူး" ဟု ပြောဆိုသည်။ 

မိသားစုဝင်များသည် ဦးကျော်ဝင်း  ပြန်လည်လွတ်မြောက်ရေးအတွက် လက် နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ပါဝင်သော ပြည် ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) ၏ ဥက္ကဋ္ဌဖြစ် သော 'ဝ' ပြည်နယ် သွေးစည်းညီညွတ် ရေးပါတီခေါင်းဆောင်ထံသို့ လားရှိုးမြို့ရှိ 'ဝ' ဆက်ဆံရေးရုံးမှတစ်ဆင့် မေတ္တာရပ်ခံ စာကို ဇန်နဝါရီလ ပထမပတ်တွင် ပေးပို့ အကူအညီတောင်းခံထားခဲ့သည်။ 

ဦးကျော်ဝင်းကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းနှင့်ပတ်သက်၍ တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) တာဝန်ရှိသူ  တစ်ဦးထံ ဇန်နဝါရီလ ၁၆ ရက်နေ့က  ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ဘုန်းမြတ်