News

POST TYPE

NEWS

နောင်ချိုမြို့နယ်မှ နှစ်ပေါင်း ၃၅၀ ခန့်သက်တမ်းရှိ ရှေးဟောင်းစေတီကို ပြန်လည်ပြုပြင်မည်
29-Nov-2020


မန္တလေး၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာမှ နှစ်ပေါင်း ၃၅၀ ခန့် သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူ ကံကြီးမြင့်စေတီကို ရှေးမူမပျက်တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

ယင်းစေတီတော်မှာ ၁၁၁၅ ခုနှစ်ဝန်းကျင်က တည်ထားခဲ့သော ရှေးဟောင်းစေတီတစ်ဆူဖြစ်နိုင်သည်ဟု မန္တလေးမြို့မှ ဗိသုကာပညာရှင်တစ်ဦးက ခန့်မှန်းပေးထားကြောင်း ပြင်ကြီးကျောင်းဆရာတော် ဦးသာသနက မိန့်ကြားသည်။

အဆိုပါရှေးဟောင်းစေတီအတွင်းမှတွေ့ရသည့် ဌာပနာများထဲတွင် ညောင်ရမ်းခေတ်က ဆင်းတုတော်အချို့ ပါဝင်နေပြီး အများစုသော စေတီတော်နှင့် အုတ်ခွက်ဆင်းတုတော်များ၊ ကြေးဌာပနာရုပ်များမှာ ကုန်းဘောင်ခေတ်ဦး (၁၁၁၅- ၁၁၃၀) မှ ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ဆိုသည်။

ယင်းစေတီတော်ကို နိုဝင်ဘာ ၁၀ ရက်နေ့မှစတင်ကာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့သည်။

ထိုရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူ ကံကြီးမြင့်စေတီတော်ကို ပြန်လည်တည်ထားရာတွင် ရုပ်ပွားတော်နှင့် ဌာပနာတော်များကို တည်ထားပူဇော်မည်ဖြစ်၍ ဖုန်း ဝ၉-၄၅၂၃၉၀ဝ၂၀၊ ဝ၉-၂၅၆၄၆၄၉၂၈၊ ဝ၉-၄၄၈၄၈၈၄၄၂ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်သည်။   

S-02