News

POST TYPE

NEWS

တရုတ်နိုင်ငံတွင် အလွန်အမင်းဆင်းရဲမွဲတေမှုပပျောက်ရေး အောင်မြင်
28-Nov-2020


ဟောင်ကောင်၊ နိုဝင်ဘာ ၂၈

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင် ငါးနှစ်တာကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံအတွင်း အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်ရေးသည် ယခုတစ်ပတ်တွင် အောင်မြင်မှုရရှိခဲ့ပြီဖြစ်သော်လည်း အောင်ပွဲခံမှုတစ်စုံတစ်ရာ မပြုလုပ်သေးကြောင်း CNN သတင်းဌာနတွင် ဖော်ပြသည်။

တရုတ်နိုင်ငံသည် တစ်ချိန်က ကမ္ဘာ့ဆင်းရဲမွဲတေမှုအများဆုံးနိုင်ငံများ စာရင်းထဲတွင် ဆယ်စုနှစ်တစ်ခုကြာပါဝင်ခဲ့ဖူးပြီး နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုပပျောက်ရေး အယူဝါဒသည် သမ္မတရှီအတွက် အလွန်အရေးပါခဲ့သည်။

၂၀၂၀ နှစ်ကုန်တွင် ၎င်းလိုချင်သော ဆင်းရဲမွဲတေမှုပပျောက်ရေး အောင်မြင်ရမည်ဟု ရှီကျင့်ဖျင်က ကြုံးဝါးခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီဖွဲ့စည်းမှု နှစ် ၁၀ဝ ပြည့်မည့်အချိန် ၂၀၂၁ ခုနှစ် ဇူလိုင်လ ရောက်ချိန်တွင် “အသင့်အတင့် ြွကယ်ဝချမ်းသာသော လူအဖွဲ့အစည်း” တစ်ခုကို ချပြ နိုင်လိမ့်မည်ဟု ရှီကျင့်ဖျင်က မျှော်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အလွန်အမင်းဆင်းရဲမွဲတေမှုဆိုသည်ကို တစ်နှစ်ဝင်ငွေမှာ ယွမ် ၂၃၀ဝ (အမေရိကန်ဒေါ်လာ ၃၅၀) အောက်ဟု သတ်မှတ်ထာသည်။ 

တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ် ၄၀ အတွင်းတွင် လယ်ယာစိုက်ပျိုးသည့် စီးပွားရေးစနစ်မှ မြို့ပြစနစ်ကို မြန်မြန် ပြောင်းလဲနေသောနိုင်ငံများစနစ် ဖြစ်ခဲ့သည်။

ကွေ့ကျိုးပြည်နယ် အနောက်တောင် ပိုင်းတွင်တည်ရှိသော လက်ကျန်ခရိုင် ကိုးခုကို ဆင်းရဲမွဲတေမှု စာရင်းမှထုတ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်းသတင်းဌာန ဆင်ဟွာမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“နှစ်ရှည်လများ ဖြေရှင်းရန်ကြိုးစားနေသည့် အလွန်အမင်းဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ” ဆိုသော ပညာရှင်တစ်ဦး၏ ပြောဆိုချက်ကို ဆင်ဟွာ သတင်းဌာနမှ ကောက်နုတ်ထုတ်ပြန်ခဲ့သည်။

သို့သော် “တရုတ်နိုင်ငံတွင် ဆင်းရဲမွဲတေမှုများ အမှန်တကယ် ပြီးဆုံးပြီလား” ဟူသောမေးခွန်းအပေါ် အချို့သောပညာရှင်များနှင့် ပြည်တွင်းသတင်းဌာနများကြားတွင် အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ 

ပြည်တွင်းသတင်းဌာန CGTN က “တရုတ်နိုင်ငံသည် အလွန်အမင်းဆင်းရဲမွဲတေမှုကို တိုက်ထုတ်နိုင်ခဲ့ပြီ”ဟု ၎င်းတို့၏ဝက်ဘ်ဆိုက်ပေါ်တွင် အောင်ပွဲခံဂုဏ်ပြုခဲ့သည်။       

F-05