News

POST TYPE

NEWS

ပျောက်ဆုံးနေသည့် ခြောက်နှစ်အရွယ် မိန်းကလေး အသတ်ခံထားရသည့် လက္ခဏာများဖြင့် ပြန်တွေ့
28-Nov-2020


ပဲခူး၊ နိုဝင်ဘာ၂၈ 

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သာရဝေါမြို့ ပျဉ်းကတိုးကုန်းအုပ်စု ဦးတိုကျေးရွာမှာနေတဲ့ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး နိုဝင်ဘာ ၂၇ရက်နေ့ နေ့လယ်ပိုင်းက ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာ ၂၈ မနက်ပိုင်းမှာ အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်‌တွေ့ခဲ့ရတယ်လို့ ကူညီရှာဖွေပေးနေကြသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"မနက်က ကလေးအလောင်း ပြန်တွေ့ခဲ့ချိန်မှာ လည်ပင်းနဲ့ နှာခေါင်း နေရာတွေမှာ ကြိုးနဲ့ ရစ်ပတ်ချည်နှောင်ထားတဲ့ အနေအထားမျိုးတွေ့ရတယ်။ လက်ရှိ သာရဝေါစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်" လို့ ကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အသက်ခြောက်နှစ်အရွယ် မိန်း‌ကလေးကို နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၉ နာရီခန့်က သူနေထိုင်ရာ နေအိမ်အနီး ခြံအလွတ်တစ်ခုမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြန်လည်တွေ့ရှိချိန်မှာ ခြောက်နှစ်အရွယ် မိန်းကလေးပန်ထားတဲ့ ရွှေနားကပ်တစ်ရန်လည်း ပျောက်ဆုံးနေတယ်လို့ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးကနေသိရပါတယ်။

"လတ်တလောမှာ မသင်္ကာသူတို့ ဘာတို့‌ကို ဖမ်းဆီးထားတာမရှိသေးပါဘူး။ ‌ကလေးမခြေထောက်မှာ ကြိုးချည်ထားတယ်ဆိုတာကလည်း ပုဆိုးစုတ်လေးနဲ့ပါ" လို့ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်လှိုင်က ပြောပါတယ်။

အဲ့ဒီလူသတ်မှုကို သာရ‌ဝေါနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။ 

ကောင်းလကျာ် (VOM)