News

POST TYPE

NEWS

ကမ္ဘာ့ဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် ကန်ဒေါ်လာ သန်း ၆၀ ထောက်ပံ့မည်
28-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည့် ဆွေးနွေးပွဲမှ သိရသည်။ 

ယင်းဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman ဦးဆောင်သောအဖွဲ့က အောက်တိုဘာလ ၁၃ ရက်က ကမ္ဘာ့ဘဏ်၏ Global COVID-19 Multiphase Programmatic Approach (MPA) အစီအစဉ်တွင် COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကို Additional Financing အဖြစ် ထောက်ပံ့ရန် ကမ္ဘာ့ဘဏ်က အတည်ပြုခဲ့သည်။ 

မြန်မာနိုင်ငံအနေနှင့် Additional Financing ရရှိနိုင်သည့် အခွင့်အလမ်းကောင်းများနှင့် ဝယ်ယူနိုင်မည့် နည်းလမ်းများ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို IDA 19 အစီအစဉ်အောက်မှ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးနိုင်မည့်အခြေအနေများကို တင်ပြခဲ့ကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး နည်းလမ်း ၃ ခုဖြင့် ဝယ်ယူ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုလည်း ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ စစ်တမ်း ၅ ကြိမ် ကောက်ခံကာ လေ့လာလျက်ရှိပြီး လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းမှအပ ကျန်လုပ်ငန်းအားလုံး စီးပွားရေထိခိုက်မှု များပြားလျက်ရှိကြောင်း စာရင်းများအရ ဖော်ပြထားသည်။ 

J-03