News

POST TYPE

NEWS

POSCO International က မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်အသစ်များရှာဖွေရန် ဝမ် ၁၀၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ဆုံးဖြတ်
26-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကိုရီးယားနိုင်ငံမှ POSCO International က မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေရန် ဝမ် ၁၀၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ကြောင်း Myanmar Industry Guide ထံမှ သိရသည်။

POSCO International သည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ရှိ A-3 လုပ်ကွက်မှ မဟာဧရိယာတွင် ဓာတ်ငွေ့သိုက်အသစ် တူးဖော်ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီအုပ်စုတစ်စုသည် A-3 လုပ်ကွက်တွင် လုပ်ကိုင်နေပြီး POSCO International မှ စီမံကိန်းတွင် ၅၁ ရာခိုင်နှုန်းပါဝင်သည်။

အခြားပါဝင်သူများမှာ Myanmar National Oil Co.(၁၅ ရာခိုင်နှုန်း)၊ India National Oil Co.(၁၇ ရာခိုင် နှုန်း)၊ India National Gas Co.(၈.၅ ရာခိုင်နှုန်း) နှင့် Korea Gas Corp.(၈.၅ ရာခိုင်နှုန်း) တို့ဖြစ်သည်။

အသေးစိတ် အချက်အလက်များအရ POSCO International သည် Mahar Prospecting Structure ၌ အကဲဖြတ်တူးဖော်ခြင်းအတွက် ဝမ် ၄၉ ဒသမ ၉ ဘီလီယံနှင့် ဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းအတွက် ဝမ် ၅၈ ဒသမ ၇ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း Myanmar Industry Guide ထံမှ သိရသည်။

လက်ရှိရှာဖွေတူးဖော်မှုအဆင့်တွင် မဟာဧရိယာ၌ ဓာတ်ငွေ့ကုဗပေ ၆၆၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။

POSCO International သည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် တူးဖော်ခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တူးဖော်ခြင်းအစီအစဉ်ကို အသေးစိတ်ရေးဆွဲရန်ဆုံးဖြတ်ခဲ့ပြီး ထိုနှစ်ဧပြီလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ လုပ်ငန်းကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။    

S-07