News

POST TYPE

NEWS

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးက Online Taekwondo Poomsae ပြိုင်ပွဲ ကျင်းပမည်
26-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးက နိုဝင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ Online Taekwondo Poomsae ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ယင်းသံရုံးထံမှသိရသည်။ 

အဆိုပါပြိုင်ပွဲအတွက် အကဲဖြတ် ကြန့်ကြာမှုများစသော မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် ရလဒ်ကြေညာမည့်ရက် အပြောင်းအလဲရှိပါက ထပ်မံအသိပေးမည်ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် Covid-19 အခြေအနေကြောင့် တိုက်စစ်/ခံစစ်ကစားနည်းအစား ကိုယ်စီနေရာအသီးသီးမှ တစ်ဦးတည်း ကစားနိုင်သည့် Taekwondo Poomsae ကို ရွေးချယ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူများ၏ ဗီဒီယိုကို အွန်လိုင်းမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာလ ၃ ရက် ညနေ ၅ နာရီ အချိန်တွင် သံရုံး၏ Facebook Page မှတစ်ဆင့် ကဏ္ဍအလိုက် (အသက်အရွယ်အလိုက်) ယှဉ်ပြိုင်အနိုင်ရသူများ၏ ဗီဒီယိုကို ထုတ်လွှင့်ပြသရုံသာမက မိန့်ခွန်းများ နှင့် လက်ရှိတွင် ကိုရီးယားယဉ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင်သံတမန် အဖြစ် ခန့်အပ်ခံထားရသည့် သရုပ်ဆောင်ခါရာ၏ Poomsae အထူးဗီဒီယိုကိုလည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ကိုရီးယားသံရုံးထံမှ သိရသည်။ 

J-03